M1 မှ iPhone 6 ဈေးနှုန်းများထုတ်ပြန် ကြိုတင်အမှာ စာမျက်နှာကျဆင်း
Apple ၏ နောက်ဆုံးပေါ် စမတ်ဖုန်းဈေးနှုန်းများကို M1 အင်တာနက်စာမျက်နှာမှ ထုတ်ပြန်ကြေညာခဲ့ပြီး ဖေါက်သည် များအား၎င်းတို့စိတ်ဝင်စားမှုကို ပထမဦး စွာ မှတ်ပုံတင်ရန် မလိုပဲ ကုန်ပစ္စည်း ကြိုတင်အမှာစာများပေးပို့နိုင်ရန် စီစဉ်ပေးခဲ့သည်။
သို့သော် ၀င်ရောက်ကြည်ရှုသူများပြားလှသည့် အတွက် ၄င်းတို့၏ ကြိုတင်အမှာပေးပို့နိုင်သော အင်တာနက်စာမျက်နှာမှာ နာရီပေါင်းများစွာ ကျဆင်း သွားခဲ့ရကြောင်း TODAY မှ ပြောကြားခဲ့ပြီး၊ ဖေါက်သည်တစ်ချို့မှာ အမှာစာပေးပို့နိုင်ရန်ကြိုးပမ်းရင်း အချိန်ကုန်လူပန်းဖြစ်ခဲ့ရသည့်အတွက် စိတ်ဆိုးကြောင်း ၄င်းတို့၏ Facebook စာမျက်နှာများတွင်ရေးသားခဲ့ကြသည်ဟု ဆိုသည်။
No comments:
Post a Comment