Wednesday, September 17, 2014

မာယွန်မီးတောင် ပေါက်ကွဲမည့် အလား အလာ ရှိဟု သတိပေး ပြောကြား


ဖိလစ်ပိုင်နိုင်ငံရှိ မီးတောင်ရှင် တစ်ခုဖြစ်သော မာယွန်မီးတောင်သည် ပေါက်ကွဲမည့် အလားအလာရှိကြောင်း ကျွမ်းကျင်သူများ၏ သတိပေးချက် ထွက်ပေါ်လာပြီး နောက်တွင် ၎င်းမီးတောင် အောက်ခြေဝန်းကျင်ရှိ ဒေသခံ ၁၂ဝဝဝ ကျော်ကို အာဏာပိုင်များ က ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး သတိပေးချက်များ ထုတ်ပြန် ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးတောင်သည် မကြာသေးမီက ဆက်တိုက်နီးပါး လှုပ်ခတ်ခဲ့ပြီး ကျောက်ဆိုင်ကျောက်ခဲများ ပြိုကျခဲ့ကြောင်း၊ ထို့ကြောင့် ရက်သတ္တပတ် အနည်းငယ်အတွင်း မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း ဖိလစ်ပိုင် မီးတောင်ဗေဒနှင့် မြေငလျင် ပညာ ဌာနမှ အကြီးအကဲ ရီနာတို ဆိုလီဒမ် က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
မာယွန် မီးတောင်သည် လွန်ခဲ့သောနှစ်ပေါင်း ၆ဝဝ ကျော်က အကြိမ် ၅ဝ နီးပါးတိုင်တိုင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၂ဝဝ၉ ခုနှစ် တွင် နောက်ဆုံးအကြိမ် ပေါက်ကွဲ မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top