Wednesday, September 17, 2014

သီးခြားခွဲထွက် ရေးနှင့် စပ်လျဉ်း၍ သေချာ စဉ်းစားသင့်ဟု အဲလိဇဘတ် ဘုရင်မကြီး တိုက်တွန်း


ဗြိတိန်နိုင်ငံအတွင်းမှ သီးခြားခွဲထွက်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးကို မပြုလုပ်မီ စကော့တလန် နိုင် ငံသားများ အနေဖြင့် သေချာစွာစဉ်းစား ဆုံးဖြတ်ကြရန် လိုအပ်ကြောင်း ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်က စက်တင်ဘာ ၁၄ ရက်တွင် တိုက် တွန်း ပြောကြားသည်။
ဘုရင်မကြီးသည် ၎င်း၏ အဆိုပါ တိုက်တွန်း ပြောကြားချက်ကို စကော့တလန် နိုင်ငံမြောက်ပိုင်း Balmoral Castle မြို့အနီးရှိ ဘာသာရေး အခမ်းအနား တစ်ခုတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ဗြိတိန်မှ စကော့တလန်နိုင်ငံက သီးခြားခွဲထွက်ရေးနှင့် ပတ်သက်၍ အဲလိဇဘတ် ဘုရင်မကြီး၏ အဆိုပါ ပြောကြား ချက်သည် နိုင်ငံရေးတွင် ဘုရင်မကြီး၏ ပထမဆုံးအကြိမ် ဝင်ရောက်စွက်ဖက်မှုဖြစ်ကြောင်း စကော့တလန် နေ့စဉ်သတင်း စာတွင် ဖော်ပြထားသည်။ စကော့တလန်နိုင်ငံ၏ သီးခြားခွဲထွက်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကို စက်တင်ဘာ ၁၈ ရက် တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top