လာမယ့်အောက်တိုဘာလမှာ ဒုတိယမြောက် ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိတဲ့ နေဒွေး
၂၀၀၅ ခုနှစ် ၉တန်း ကျောင်းသားအရွယ်ကတည်းက မော်ဒယ်လောကထဲ ၀င်ရောက်ခဲ့ပြီး
လျှောက်ခဲ့တဲ့ ရှိုးပေါင်း ၆၀၀ ကျော်နေပြီဖြစ်တဲ့ နေဒွေးဟာ ခုဆိုရင် Star
World ထုတ်လုပ်ရေး၊ ခရေဖြူ ထုတ်လုပ်ရေးတွေနဲ့ ခေါင်းဆောင်မင်းသားအဖြစ်
စာချုပ်ချုပ်ထားပြီး ဖြစ်နေပါပြီ။ ကြိုးစားရုန်းကန်းမှုတွေနဲ့ အနုပညာလောကထဲက
တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်အောင် လျှောက်လှမ်းလာခဲ့တဲ့ နေဒွေးက သူ့ရဲ့
အနုပညာခရီးလမ်းနဲ့ပတ်သတ်ပြီးတော့ “ကျွန်တော်၂၀၀၅ မှာ မော်ဒယ်လ်စလုပ်တယ်။
ကိုဂျွန် ဆီမှာပေါ့။ ကျောင်းတက်လိုက်၊ ရှိုးလျှောက်လိုက်ပေါ့။
ဇာတ်ကားတွေ ကတော့ ကျွန်တော်၂၀၁၁ မှ စရိုက်တာပါ။ ကျွန်တော်ရဲ့ ထရိန်နာတွေဆို
ကျွန်တော့ရှေ့မှာ မြင့်မြတ်တို့ အောင်ရဲလင်းတို့ရှိပါတယ်။ ခုတော့
အများကြီးတော့ ကွာခြားလာတယ်။ ကျွန်တော်စလုပ်တုန်းက သင်္ကေနဲ့စာချုပ်ချုပ်ပြီး
ကိုမင်းမော်ကွန်းနဲ့အတွဲမင်းသား စရိုက်တာပေါ့။ အခုနောက်ပိုင်း ၂၀၁၃ မှ
Star World နဲ့စာချုပ်ချုပ်ပြီး ခေါင်းဆောင် မင်းသားစရိုက်ဖြစ်တာပါပြီ”လို့
သူက ဖွင့်ဟပါတယ်။
နေဒွေးဟာ ဟာသနဲ့ ဇာတ်ဆန်းဆန်းလေးတွေမှာ
သရုပ်ဆောင်တာ အများဆုံး တွေ့ရပေမယ့် ခုကားကတော့ အချစ်ကားလေး ဖြစ်နေတဲ့အတွက်
သူ့ရဲ့အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးကြည့် တော့ သူက
“အချစ်ကားရိုက်တာကတော့ ဒါပထမဦးဆုံးပါပဲ။ နူးညံ့သိမ်မွေ့သောတဲ့။
ဒါရိုက်တာက ကိုသားကြီး ၊ မင်းသမီးကစံရတီမိုးမြင့်နဲ့ မေမြင့်မိုရ်ပါ။
ပရိသတ်ကတော့ အစုံပဲ အားပေးကြ တယ်။
သရဲခြောက်တဲ့ဂိမ်းဆို တော်တော်လေး အောင်မြင်တယ်။ မထင်ထားဘူးပေါ့။
အသစ်တွေကြီးပဲ ရိုက်တာ ဆိုတော့လေ။ ကျွန်တော်ကလဲအသစ်၊ ဒါရိုက်တာကလဲ သည်ခေတ်နေ
အဲ့ဒီကားမှာ စခေါ်ရိုက် လိုက်တာဆိုတော့ ပေါက်မယ်လို့မထင်ထားဘူး။
ပေါက်သွားတော့ ကျေနပ်တာပေါ့နော်။ ရုပ်ရှင်ကားကြီး အနေနဲ့က ၁၀လပိုင်းမှာ
ကျွန်တော်စရိုက်မယ်။ အဲ့ဒီကားကတော့ ကျွန်တော့်အတွက် ဒုတိယမြောက်
ရုပ်ရှင်ကားကြီးပါ။ ပထမကားကခိုးခိုးခစ်ခစ်ပေါ့။ ခုကားက
ရုံးပတေသီးလေးများတဲ့ ။ ကိုခန့်ပါတယ်။ ထွန်းထွန်းပါမယ်။ ကိုကြံ့ပါမယ်။
ဟာသပေါ့ ။ မင်းသမီးက မိုးဟေကိုပါတယ်။ အများကြီးပဲ။
မိုးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်မှာပါ။ တစ်ခြားအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့
၂၂ ရက်နေ့ကျရင် ရွှေဘိုမှာ သီချင်းသွားဆိုဖို့ရှိတယ်”တဲ့။
No comments:
Post a Comment