သက်တမ်းတိုးရန်ပျက် ကွက်နေသည့် ရေယာဉ် ၃၃၅ စီးကို အောက်တိုဘာနောက်ဆုံး ထားဆောင်ရွက်ရန် ညွှန်ကြားထားပြီး သက်တမ်းတိုးခြင်းမရှိပါက ရေယာဉ်မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်သွားမည်ဟုသတင်းရရှိ သည်။
ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ပြည်တွင်းရေကြောင်းသွားစက် တပ်ရေယာဉ်များအား ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက စစ်ဆေး၍ မှတ်ပုံတင်လက် မှတ်များထုတ်ပေးလျက်ရှိရာ အချို့သော ရေယာဉ်များ သည် သက်တမ်းတိုးရန်ပျက်ကွက် လျက်ရှိသည်ဟုရေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်း လုပ်ငန်းဌာနခွဲမှ ဒုဦး စီးမှူးကပြောသည်။
သက်တမ်းတိုးရန် ပြည်တွင်း ရေကြောင်းသွား စက်တပ်ရေ ယာဉ် ၁၈ စီး၊ စက်မဲ့ဆီတင်တွဲ ၆ စီး၊ မြင်း ၂၀ အထက်စက်တပ် ရေယာဉ်ငယ် ၃၁၁ စီး စုစုပေါင်း ၃၃၅ စီးကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။
ယင်းရေယာဉ်များသက် တမ်းတိုးရန် ရေယာဉ်ပိုင်ရှင်များသို့ အကြိမ်ကြိမ်အကြောင်းကြား သော်လည်း ပျက်ကွက်နေသည့်အတွက် အောက်တိုဘာ နောက်ဆုံးထား၍ သက်တမ်းတိုးရန်ညွှန်ကြား ထားကြောင်း သိရသည်။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီး ပြည်တွင်း ကမ်းရိုးတန်းတွင် ပြေးဆွဲလျက် ရှိသည့် စက်တပ်ရေယာဉ်မှာ သုံးထောင်ကျော် ရှိသည်ဟု သတင်းရရှိသည်။
No comments:
Post a Comment