ဇာတ်လမ်းတွဲသစ်နဲ့ ပရိသတ်ရှေ့ ပြန်လည်ရောက်ရှိလာမယ့် ဟန်ယီဆူး
တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး ဟန်ယီဆူးသည် ရုပ်ရှင်ပိတ်ကားထက်မှ သုံးနှစ်ကြာ ပျောက်ကွယ်ခဲ့ပြီးနောက် SBS ရုပ်သံလိုင်း၏ Birth of a Beauty ဒရာမာဇာတ်လမ်းတွဲသစ်ဖြင့် ပရိသတ်ရှေ့မှောက် ပြန်လည်ရောက်ရှိမည်ဖြစ် သည်။ Birth of a Beauty ဇာတ်လမ်းတွဲတွင် ဟန်ယီဆူးသည်သရုပ်ဆောင်မင်းသား ဂျူဆောင်းဝူနှင့် ပူးတွဲသရုပ်ဆောင်မည်ဖြစ်သည်။
ယင်းဇာတ်လမ်းတွဲတွင် မျက်နှာခွဲစိတ်ကုသမှုနှင့် ခန္ဓာကိုယ်အလေးချိန်ချမှုများ ပြုလုပ်ပြီးနောက် ဆွဲဆောင်မှုရှိသွား သော အမျိုးသမီးနှင့် သာမန်ရွက်ကြမ်းရေကျိုအမျိုးသမီးအား ဆွဲဆောင်မှုရှိအောင် ပြုလုပ်လိုက်သည့် ကုမ္ပဏီပိုင်ရှင် သူဌေးသားတို့ အကြားအချစ်ဇာတ်လမ်းဖြစ်သည်။ ဒီဇာတ်လမ်းတွဲတွင် ဟန်ယီဆူးသည် သာမန်အမျိုးသမီးပုံစံမှ ဆွဲဆောင်မှု ရှိသွားသူ ဆာရာအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး ဂျူဆောင်းဝူး ကုမ္ပဏီပိုင်ရှင် သူဌေးသား ဟန်ထယ်ဟီးအဖြစ် သရုပ်ဆောင် မည်ဖြစ်သည်။ Birth of a Beauty အချစ်ဟာသဇာတ်လမ်းတွဲကို လာမည့် နိုဝင်ဘာလတွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။
No comments:
Post a Comment