Tuesday, September 30, 2014

အမျိုးသားပို့ကုန် မဟာဗျူဟာ အောက်တိုဘာ လတွင် ထုတ်ပြန်မည်

မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာဗျူဟာကို အောက်တိုဘာ ၂ဝ ရက်တွင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သိရသည်။ အမျိုးသားပို့ကုန် မဟာဗျူဟာရေးဆွဲခြင်းမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်သွားမည့် အမျိုးသား ပို့ကုန် မဟာဗျူဟာကို ပို့ကုန်အရေ အတွက် များစွာတိုးမြှင့် တင်ပို့နိုင်ရေး အတွက် အဓိက ရည်ရွယ် ရေးဆွဲခြင်း ဖြစ်သည်။ အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲခြင်းကို International Trade  Center (ITC) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ဂျာမနီ နိုင်ငံ အခြေစိုက် GIZ အဖွဲ့မှ ငွေကြေးပိုင်းဆိုင်ရာကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

''အမျိုးသား ပို့ကုန် မဟာဗျူဟာ ရေးဆွဲ ထုတ်ပြန်လိုက်ပေမယ့်လည်း ပို့ကုန် တိုးမြှင့်နိုင်ဖို့ ဆိုတာ တင်ပို့မယ့်ထုတ်ကုန်တွေရဲ့ အရည်အသွေးပိုင်း တိုးမြှင့်နိုင်ဖို့လည်း လိုပါတယ်။ အမျိုး သားပို့ကုန် မဟာဗျူဟာမှာက ပို့ကုန်အမျိုးအစားတွေကို ဘယ်လိုပုံစံမျိုးနဲ့ တိုးမြှင့် တင်ပို့ နိုင်မလဲ၊ ကဏ္ဍ တစ်ခု ချင်းစီအလိုက် လက်ရှိ အချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အခက် အခဲတွေကို ဆွေးနွေးပြီး ရရှိလာတဲ့ အဖြေပေါ်မှာ ဘာတွေ လုပ်ကြမလဲ၊ အတားအဆီးတွေကို ကျော်ဖြတ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့စတဲ့ ကိစ္စရပ်တွေကို သုံးသပ် ဆွေးနွေးအဖြေ ရှာပြီး ရေးဆွဲထား တာဖြစ်ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top