Tuesday, September 30, 2014

ဂျပန်နိုင်ငံရှိ အွန်တိတ်မီးတောင် ပေါက်ကွဲမှုကြောင့် လူ (၄၂) ဦးဒဏ်ရာရရှိ


ဂျပန်နိုင်ငံအတွင်းက အွန်တိတ်မီးတောင်ပေါက်ကွဲမှုကြောင့် လူ (၄၂) ဦးဒဏ်ရာရရှိခဲ့ပြီး ရဲတွေဟာ ကယ်ဆယ် ရေးတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ကြရသည်ဟု သိရှိရသည်။ ဂျပန်နိုင်ငံအတွင်းရှိ Ontake "အွန်တိတ်" မီးတောင်ပေါက်ကွဲမှုကြောင့် လူ(၄၂) ဦးဒဏ်ရာရရှိခဲ့ပြီး (၇) ဦးကတော့ မီးတောင်ပြာ တွေကြားမှာ ပိတ်မိနေဆဲဟု သိရှိရသည်။
ဂျပန်နိုင်ငံအလယ်ပိုင်းက  ရဲတွေဟာမီးတောင်ပေါက်ကွဲတဲ့ ပတ်ဝန်းကျင်နားမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ လုပ်ဆောင်နေ ပြီဖြစ်သည်။ ဒေသခံ (၂၃၀) ခန့်က မီးတောင်ပေါက်ကွဲမှု စဖြစ်ကတည်းက ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ပေမယ့် နောက်ထပ် အယောက် ၄၀ ခန့်ကတော့  မီးတောင်ပေါက်ကွဲမှု အနီးနားကတဲတွေမှာ ခိုလှုံနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။အဲဒီလူတွေထဲက အများစုဟာ တောင်တက် သမားတွေဖြစ်ပြီး အလုပ်သမားအများစုလည်း ပါသည်ဟု သိရှိရသည်။
ရဲဝန်ထမ်း (၅၅၀) အပြင် မီးသတ်သမားတွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အပျက်အစီးတွေတောင်ရဲ့ ဆင်ခြေလျောကို သုံးကီလိုမီတာ အကျော်ထိ ကျလာခဲ့တယ်လို့ မိုးလေ၀သဌာနက တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ (၂၇) ရက်ကတည်းက စတင်ပေါက်ကွဲခဲ့တဲ့ အဆင့် ၁ ကနေ ၃ အထိရှိတယ်လို့ ဂျပန် မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

back to top