Wednesday, September 24, 2014

တင်းနစ်မယ် ဗစ်တိုးရီးယား အေဇာရန်ကာ ခြေထောက် ဒဏ်ရာကြောင့် ယခုနှစ်တွင် ကျန်ရှိ နေသော တင်းနစ် ပွဲစဉ်များနှင့် လွဲချော်



ဘီလာရုဇ်နိုင်ငံမှ တင်းနစ်မယ် ဗစ်တိုးရီးယား အေဇာရန်ကာသည် ခြေထောက် ဒဏ်ရာကြောင့် ယခု နှစ်ရာသီတွင် ကျင်းပရန် ကျန်ရှိ နေသေးသော တင်းနစ် ပွဲစဉ်များနှင့် လွဲချော် သွားမည် ဖြစ်ကြောင်း သိရသည်။

သြစတြေးလျအိုးပင်း ချန်ပီယံဖလား နှစ်ကြိမ် ရရှိထားသည့် အသက် ၂၅ နှစ်အရွယ်ရှိ တင်းနစ်မယ် အေဇာရန်ကာ သည် ယခုလ အစော ပိုင်းက ကျင်းပသော အမေရိကန် အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ကွာတား ဖိုင်နယ် ပွဲစဉ်အထိ တက်ရောက် နိုင်ခဲ့ပြီး တရုတ် နိုင်ငံတွင် ကျင်းပမည့် Wuhan Open တင်းနစ်ပြိုင်ပွဲတွင် လည်း ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်သည် မိမိအတွက် အလွန်ခက်ခဲကြမ်းတမ်းသည့် နှစ်တစ်နှစ် ဖြစ်ကြောင်း၊ မိမိအနေဖြင့် ယင်းဒဏ်ရာကို အမြန်ဆုံး သက်သာ ပျောက်ကင်းရန် ကြိုးပမ်းသွားမည် ဖြစ်သည့်အပြင် လာမည့်နှစ်တွင် ကျင်းပမည့် တင်းနစ်ပွဲစဉ်များတွင် အကောင်းဆုံး ယှဉ်ပြိုင် နိုင်ရန် အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သူမက ပြောကြားသည်။


No comments:

Post a Comment

back to top