Wednesday, September 24, 2014

ဗဟိုအစိုးရအဖွဲ့၏ ဟောင်ကောင်ဆိုင်ရာ မူဝါဒ ပြောင်းလဲမှုမရှိဟု တရုတ်သမ္မတ ပြောကြား



အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသ၏ ကြွယ်ဝချမ်းသာမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုတို့ နှင့်အတူ ဒီမို ကရေစီ ကျင့်စဉ်များကို မိမိတို့ မြှင့်တင်အားပေးသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က စင်တင်ဘာ ၂၃ ရက် တွင် ပြောကြားလိုက်သည်။

ဗဟိုအစိုးရအဖွဲ့၏ ဟောင်ကောင်ဒေသဆိုင်ရာ အခြေခံမူဝါဒမှာ ပြောင်းလဲမှုမရှိသည့်အပြင် အနာဂတ် ကာလတွင်လည်း ပြောင်းလဲမည်မဟုတ်ကြာင်း၊ တစ်နိုင်ငံစနစ်နှစ်မျိုး မူဝါဒနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို ဗဟိုအစိုးရအဖွဲ့က လေးစာိးလုက်နာ သွားမည်ဖြစ်ေဲကာင်း သမ္မတရှီက ဟောင်ကောင် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် ပြောကြားသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ဟောင်ကောင် အမှုဆောင်အရာရှိချုပ်ဟောင်း ထုန်ချိဟွာက ဦးဆောင်ပြီး ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ၇၀ ပါဝင်သည်။ ထုန်ချိဟွာသည် ယခုအခါ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူဖြစ်သည်။
ဟောင်ကောင်၌ ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အခြေခံမူဘောင်ကို တရုတ်ဥပဒေပြုလွှတ်တော်က အတည်ပြုပေးခဲ့ချိန် နောက်ပိုင်း တရုတ်သမ္မတက ဟောင်ကောင် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို လက်ခံတွေ့ဆုံခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ထိုစဉ်အတွင်း ဟောင်ကောင်၌ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြသည်။

No comments:

Post a Comment

back to top