ဥရောပ ရုပ်ရှင်ပွဲတော်၌ နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ရုပ်ရှင် ဇာတ်ကားများ ပါဝင်ပြသမည်
ဥရောပရုပ်ရှင်ပွဲတော်၌ နိုင်ငံပေါင်း
ခုနစ်နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၁ဝ ကားကို ပြသသွား မည်ဖြစ်ရာ
တစ်ရက်လျှင် ညနေ ၃ နာရီခွဲ တစ်ကြိမ်၊ ညနေ ၆ နာရီခွဲ တစ်ကြိမ် ပြသသွားမည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ဝင်ကြေးမှာ
အခမဲ့ဖြစ်၍ လက်မှတ်များကို ရုပ်ရှင် မစတင်မီ တစ်နာရီမှ ရုပ်ရှင်ပြသချိန်
မတိုင်မီ ၁၅ မိနစ်အထိ ရရှိနိုင်ကြောင်း သိရသည်။ ဤသို့ ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းမှာ
စိတ်ကူးယဉ် ဇာတ်လမ်း၊ ကာတွန်း ရုပ်ရှင်များနှင့် မှတ်တမ်းကားများ တင်ဆက်ပြ
သခြင်းဖြင့် ဥရောပ၏ ယဉ်ကျေးမှု စုံလင်ကြွယ်ဝပုံကို ဖော်ပြရန်
ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းရုပ်ရှင်ပွဲတော်တွင် ခင်မင်ရင်းနှီးမှု၊
လူမှုရေး ကိစ္စများ၊ ကလဲ့စား ချေခြင်းနှင့် ခွင့်လွှတ်မှု၊ အချစ်နှင့်ဂီတတို့
အကြောင်းကို ရိုက်ကူးထားသည့် ရုပ်ရှင်ကားများ ပြသသွားမည် ဖြစ်သည်။
ဥရောပ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံ
ဆိုင်ရာ ဆွစ်ဇာလန်သံရုံး၊ ပြင်သစ်သံရုံး၊ ပြင်သစ် ယဉ်ကျေးမှုနှင့် ဘာသာစကား
ဌာန၊ အိုင်ယာလန် သံရုံး၊ အစ္စရေး သံရုံး၊ အီတလီ သံရုံး၊ ထိုနည်းတူ
ဗြိတိသျှ ကောင်စီနှင့် ဂျာမန် ယဉ်ကျေးမှုနှင့် ဘာသာစကား ဌာန Goethe Institut
တို့နှင့် ပူးပေါင်းကာ စီစဉ်ကျင်းပခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ
ဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ကလည်း ရုပ်ရှင်ပွဲတော်ကို
ထောက်ပံ့ကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment