Tuesday, September 30, 2014

မတ်လအတွင်းက ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ် MH370 ကို ပြန်လည် ရှာဖွေတော့မည်



ပြီးခဲ့တဲ့ မတ်လအတွင်းက ပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH370 တည်ရှိနိုင်တဲ့ နေရာကို သြစတြေးလျ လေကြောင်း ကျွမ်းကျင်သူတွေက နယ်မြေ ကျဉ်းမြောင်းယူလိုက်ပြီး အောက်တိုဘာလမှာ စတင်ရှာဖွေကြမှာ ဖြစ်သည်။ နောက်ထပ် ဖြစ်ပွားလာမယ့် ဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်အောင် အာရှဒေသမှာ ပိုမိုကျယ်ပြန့်တဲ့ ရေဒါ စောင့်ကြည့်ရေးစနစ် လိုအပ် နေတယ်လို့ လေ့လာသူတွေက ပြောကြားနေစဉ် အခုလို လေယာဉ်ပျောက် ရှာပုံတော် ပြန်စခဲ့ခြင်းဖြစ်သည်။

မလေးရှား လေယာဉ်ပျောက် ရှာဖွေရေးကို သြစတြေးလျက ဦးဆောင်မှာဖြစ်ပြီး သြစတြေးလျနိုင်ငံ အနောက်ပိုင်းကမ်းလွန် အိန္ဒိယသမုဒ္ဒရာထဲမှာ ရေနက်ပိုင်း အသံလွှင့် ထောက်လှမ်းရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ သင်္ဘောတွေနဲ့ ရှာဖွေမှာ ဖြစ်ပြီး သြစတြေးလျ အနောက်ဖက် ကမ်းလွန် အိန္ဒိယ သမုဒ္ဒရာရဲ့ တောင်ဘက်မှာ လေယာဉ်ပျောက် ရှိနိုင်တယ်လို့ သြစတြေးလျ သယ်ယူ ပို့ဆောင်ရေး ဗျူရိုကယူဆထားပါတယ်။ သမုဒ္ဒရာရေပြင်အောက် (၆.၃)ကီလိုမီတာအနက်ကို ဗဟိုပြုပြီး လေယာဉ် ပျောက်ကို ရှာဖွေမှာ ဖြစ်သလို အင်မာဆက် Inmarsat ဂြိုလ်တုမှ ပေးပို့တဲ့ သတင်း အချက်အလက် များကိုလည်း အသုံးပြုသွားမယ်လို့ သယ်ယူပို့ဆောင်ရေး ဗျူရိုမှ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး VOA သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

back to top