Tuesday, September 16, 2014

ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်


ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာ ၁၄ ရက်က တိုင်ဖုန်းမုန်တိုင်း ကာလ်မေဂီ ဝင်ရောက် တိုက်ခတ်မှုကြောင့် ရေကြီး မှုနှင့် မြေပြိုမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသည် နိုင်ငံအရှေ့မြောက်ပိုင်း ဒီဗီလိုကန်မြို့တွင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၆ဝ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်ခဲ့ပြီးနောက် လူဇွန်ကျွန်း တစ် လျှောက်ကို ဖြတ်ကျော်၍ နိုင်ငံအနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းမုန်တိုင်း တိုက်ခတ်မှုကြောင့်လူ ၁ဝဝ ကျော် တင် ဆောင်လာသော ကူးတို့ယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားပြီး လူ ၇ဝ ဦးခန့် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံတစ်ဝန်း ပြေးဆွဲနေသော လေကြောင်း ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရကြောင်းနှင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို ယခုအချိန် အထိ ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့် ခွဲရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ မီနာမာ ရာစီဂန်က ပြောကြားခဲ့ သည်။

No comments:

Post a Comment

back to top