ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စားသုံးရာတွင် အန္တရာယ်
ကင်းစေရေး နှိုးဆော်ချက်
လူတို့ ကျန်းမာကြံ့ခိုင် သန်စွမ်းစေရန် နေ့စဉ် စားသောက်သည့် အစားအစာ များတွင် ရောဂါ ကာကွယ်နိုင်သည့် ဗီတာမင် သက်စောင့်ဓာတ်များနှင့် သတ္တုဓာတ်များ ပါဝင်သည့် ဟင်းသီး ဟင်းရွက်များ၊ အသီးအနှံ များကို စားသုံးရန် လိုအပ်ပါသည်။ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများ စားသုံးရာတွင် သဘာဝ အတိုင်း မဟုတ်ဘဲ ပြုပြင်ထားသော ဟင်းသီး ဟင်းရွက် သစ်သီးဝလံများ၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ စသည့် ဓာတုပစ္စည်းများ ပါဝင်သည့် ဟင်းသီးဟင်းရွက် များကို စားသုံး မိခြင်းကြောင့် လတ်တလောတွင် ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဗိုက်ရစ်နာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက် မူးဝေခြင်း တို့ ဖြစ်ပေါ်လာနိုင်ပြီး နောက်ပိုင်းတွင် ဦးနှောက်နှင့် အာရုံကြော ထိခိုက်ခြင်း၊ မျိုးပွားနိုင်စွမ်း လျော့နည်းခြင်း၊ သန္ဓေသား ချို့ယွင်းမှု ဖြစ်ခြင်း၊ နှင်းခူရောဂါ ဖြစ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်း စသည်တို့ဖြစ် ပွားတတ်ပါသည်။
သို့ပါ၍ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ စားသုံးရာတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းစေရန် ဓာတုဆေးများ အသုံးပြု၍ ဝါဝင်းနေအောင် ပြုလုပ်ထားသော သစ်သီးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ခင်းများတွင် အသုံးပြုသည့် ပိုးသတ်ဆေးများနှင့် ဓာတုပစ္စည်းများ အစားအသောက်ထဲတွင် မပါဝင်စေရန် ဟင်းသီး ဟင်းရွက်များကို မလှီးမဖြတ်ခင် ရေသန့်သန့်နှင့် စင်ကြယ်စွာ ဆေးကြောပြီးမှ ချက်ပြုတ် စားသုံးခြင်း၊ အစိမ်းစားမည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ရေသန့်သန့် ဖြင့် အထပ်ထပ် ဆေးပြီးမှ စားသုံးခြင်း၊ သဘာဝအတိုင်း စိုက်ပျိုး ရောင်းချသော ဟင်းသီးဟင်းရွက် သစ်သီးဝလံ များကို စားသုံးခြင်း စသည့် အချက်များကို လိုက်နာ ဆောင်ရွက်ကြ ပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
No comments:
Post a Comment