Wednesday, September 24, 2014

ပရိသတ်တွေအတွက် ထူးခြားစေမယ့် နန်းမြတ်ဖြိုးသင်းရဲ့ Friend 

VCD


နန်းမြတ်ဖြိုးသင်းနှင့် နန်းသူဇာ တို့နှစ်ယောက် သီဆိုထားသည့် Friend Audio သီချင်းခွေသည် လူငယ် မိန်းကလေး ပရိသတ်များ ကြားတွင် ရေပန်းစားအောင်မြင် နေသော တေးသီချင်းခွေတစ်ခွေဖြစ်ကာ သီဆိုထားသူ နန်းမြတ်ဖြိုးသင်း က မကြာမီ ထွက်ရှိတော့မည့် VCD   အခွေတွင် ပရိသတ်များအတွက် ထူးခြားစေမည်ဟု ပြောပြခဲ့သည်။

''နန်းမြတ်တို့ နှစ်ယောက်စလုံး ဒီ Audio အခွေလေးကို အားစိုက်ပြီး ကြိုးစားထားတယ်။ အဲဒီအတွက်လည်း ပရိသတ် အားပေးမှုရတဲ့ အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ VCD  ကိုတော့ နောက်တစ်လ၊ နှစ်လလောက်နေရင် ထွက်ဖြစ်အောင် ကြိုးစားနေပါတယ်။ အခွေထဲမှာပါတဲ့ သီချင်းတိုင်းမှာ သရုပ်ဆောင်ထား တာတွေကလည်း ပရိသတ်တွေ အတွက် ထူးခြားမှုတွေ တွေ့ရမှာပါ။ အပုဒ်တိုင်းကို အကောင်းဆုံးဖြစ်အောင် အသေအချာ စီစဉ်ထားပါ တယ်။ ပြည်ပရိုက်ကွင်းတွေ ပါဖြစ်အောင်လည်း စီစဉ်နေပါတယ်။ သီချင်းတွေကတော့ တော်တော် ပြီးနေပြီ။ နှစ်ပုဒ်၊ သုံးပုဒ်လောက်ပဲ ကျန်တော့တယ်။ မကြာမီ ပရိသတ် တွေရဲ့လက်ထဲကို အကောင်းဆုံး သီချင်းခွေ တစ်ခွေအဖြစ် ရောက်ရှိ ဖို့အတွက် ကြိုးစား နေပါတယ်။ ပရိသတ်တွေ ပိုက်ဆံကုန်ရ ကျိုးနပ်တဲ့ အခွေတစ်ခွေ ဖြစ်မှာပါ''ဟု သူမက ပြောပြသည်။ ဆက်လက်၍လည်း Let's Go အစီအစဉ်ဖြင့် ပြည်ပခရီးစဉ်များ သွားနေရပြီး ခရီးစဉ်များမှ ပြန်ရောက်လျှင် သရုပ်ဆောင် ပြေတီဦးနှင့် ဇာတ်ကားရိုက်ရန် စီစဉ်ထားကြောင်း သိရသည်။          

No comments:

Post a Comment

back to top