Monday, August 18, 2014

၂ဝ၁၅ ရိုးမ-ရန်ကုန် မာရသွန် အပြေး ပြိုင်ပွဲတွင် ပါဝင်လိုသူများ စာရင်းပေးနိုင်

မြန်မာနိုင်ငံ၏ နှစ်စဉ်ကျင်းပလျက်ရှိသည့် အကြီးမားဆုံးသော တတိယအကြိမ် မာရသွန်ပြိုင်ပွဲကြီး (YYIM) ကို၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်  ကျင်းပမည်ဖြစ်ရာ YYIM 2015 ပြိုင်ပွဲတွင် ပါဝင်လို သူများသည် သြဂုတ် ၁၈ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကြီးကို  First MyanmarInvestment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)  တို့က ပူးပေါင်း စီစဉ်ခဲ့ကြောင်း သိရသည်။ အပြည်ပြည် ဆိုင်ရာမှ  ပြိုင်ပွဲဝင်များ အနေဖြင့် www.yomayangonmarathon.com တွင် စာရင်း ပေးသွင်းနိုင်ပြီး ပြည်တွင်းမှ ပြိုင်ပွဲဝင်လိုသူများသည (YCDC)  အမှတ်(၃ဝ၈) ဗိုလ်ချုပ် အောင်ဆန်းလမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးသို့ လူကိုယ်တိုင်  လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်များ အနေဖြင့် သြဂုတ် ၁၈ရက်မှ အောက်တိုဘာ ၁ဝ  ရက်အတွင်းစာရင်းပေးသွင်းခြင်းဖြင့် (Early Bird) အထူးနှုန်းကို  ရရှိနိုင်ကြောင်း၊ ၄၂ ဒသမ  ၁၉၅ ကီလိုမီတာ မာရသွန်ပြေးပွဲ အပြည့်နှင့် မာရသွန် တစ်ဝက် အပြေးပွဲ စသည့်ပြိုင်ပွဲများတွင်  ပါဝင်မည့် ပြိုင်ပွဲဝင်များအနေဖြင့် ဒီဇင်ဘာ ၃၁ ရက်တွင် အသက် ၁၆ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ၁ဝ ကီလိုမီတာ အပြေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များသည် ဒီဇင်ဘာ ၃၁ ရက်တွင် အသက် ၁၂  နှစ်ပြည့်ပြီးသူ များ ဖြစ်ရမည်ဖြစ်ကြောင်းနှင့်  ၃ ကီလိုမီတာ အပျော်တမ်း အပြေးပြိုင်ခြင်းနှင့် လမ်းလျှောက်ခြင်း ပြိုင်ပွဲတွင် အသက်ကန့် သတ်ထားခြင်း မရှိကြောင်း သိရသည်။
အပြေးပြိုင်ပွဲအားလုံး၏ အစမှတ်နှင့်အဆုံးမှတ်များကို သုဝဏ္ဏအားကစားကွင်းအတွင်းသတ်မှတ်ထားကာ ရန်ကုန်မြို့၏ ထင်ရှားကျော်ကြားသောနေရာများဖြစ်သည့် ဗိုလ်တထောင်ဘုရား၊  ရွှေတိဂုံဘုရားနှင့် အင်းယားကန်တို့မှာလည်း   မာရသွန်အပြေးလမ်းကြောင်းတွင် ပါဝင်မည်ဖြစ်သည်။YYIM အခမ်းအနားတွင် ရွေးချယ်ထားသည့်   လူမှုကူညီထောက်ပံ့ရေး ပရဟိတ သံတမန်များကို မိတ်ဆက်ခဲ့ရာ  ၎င်းတို့မှာ  မြန်မာနိုင်ငံမှ  ရုပ်ရှင်သရုပ်ဆောင် လူမှုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေသူ ရုပ်ရှင်မင်းသမီး ဒေါ်ဆွေဇင်ထိုက်၊ Strategy First Institute တည်ထောင်သူတစ်ဦးဖြစ်ပြီး ACK & Co Service Company ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ချစ်ခင်၊ Me N Ma မိန်းကလေးအဖွဲ့မှ အဆိုရှင်  လုံဆစ်ဂျမွန်း (အမွန်း) နှင့် မော်ဒယ်လ်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည့် ဝါဆိုမိုးဦးတို့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top