၂ဝ၁၅ ခုနှစ်တွင် စတော့ရှယ်ယာ ဈေးကွက်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး စီးပွားရေး ဈေးကွက် ဖြစ်လာမည်
၂ဝ၁၅ ခုနှစ်တွင် စတော့ရှယ်ယာ ဈေးကွက်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး စီးပွားရေး ဈေးကွက်ကြီး တစ်ခုဖြစ်လာမည် ဖြစ်ကြောင်းယမန်နေ့က ကျင်းပသော Investment and Stock Trading Basics အလုပ်ရုံ ဆွေးနွေးပွဲ၌ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အတွေ့အကြုံ ရှိသူ ဦးအောင်သိန်းထွန်းက ပြောသည်။
''ကျွန်တော်တို့ နိုင်ငံမှာ စတော့ အိတ်ချိန်း ဆိုတာတွေ၊ ရှယ်ယာ ဆိုတာတွေ စပြီး ပြောနေကြပြီ။ ရှယ်ယာ အရောင်းအဝယ် လုပ်တယ်ဆိုတဲ့ စကားတွေ ပြောနေကြပြီ။ အဲဒီလို ပြောနေကြတာက လာမယ့် ၂ဝ၁၅ ခုနှစ် အတွက် စတော့ရှယ်ယာ ဈေးကွက်ဟာ အဓိကကျတဲ့ စီးပွားရေး တစ်ရပ် ဖြစ်ပါတယ်။ နောက်တစ်ခုက အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ အရ ပြောရရင် စတော့အိတ်ချိန်းဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စီးပွားရေး ဈေးကွက်တစ်ခု ဖြစ်လာမှာပါ။ အခုလို စီးပွားရေး ဈေးကွက်အသစ်တွေ ပေါ်ပေါက်လာတဲ့ အချိန်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေကို လိုက် လျော ညီထွေ ဖြစ်အောင် လုပ်နိုင်ဖို့ လိုအပ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပြည်သူများ အနေဖြင့် စတော့ရှယ်ယာ ဈေးကွက် ဆိုင်ရာများနှင့် ပတ်သက်၍ အတွေ့အကြုံ ဗဟုသုတများစွာ လိုအပ်နေသောကြောင့် စတော့ အိတ်ချိန်း ဆိုင်ရာ အကြောင်းအရာများနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကြောင်းအရာများ ပတ်သက်သည့် သင်တန်းများကိုလည်း ပြည်သူလူထုကို သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်း၊ မလေးရှားနှင့် စင်ကာပူ စသည့် နိုင်ငံများ၌ စတော့ရှယ်ယာ ဈေးကွက်မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကပင် ထွန်းကားနေပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment