M.Sc Programme and Project Management သင်ယူသူများ အတွက် စင်ကာပူ၌ အခမဲ့ ခြောက်လ နေထိုင်ခွင့် ပေးမည်
မြန်မာနိုင်ငံမှ Civil Engineer များ၊ IT ဘွဲ့ရများနှင့် အင်ဂျင်နီယာ ဘွဲ့ရထားသူများ အနေဖြင့် Project Manager တစ်ဦးအဖြစ် အသက် မွေးဝမ်းကျောင်း ပြုနိုင်သော M.Sc Programme and Project Management ကို လျှောက်ထားနိုင်ပြီး စင်ကာပူ နိုင်ငံ၌ တက်ရောက်ရမည် ဖြစ်ကာ ဝင်ခွင့်ရရှိသူ တိုင်းသည် အဆောင် နေထိုင်မှု ခြောက်လ အခမဲ့ ရရှိမည် ဖြစ်ကြောင်း CROWN Education မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စီမံကိန်းကြီး များကို Teams များစွာဖြင့် လုပ်ကိုင်ရသည့် အတွက် Project Manager တစ်ဦး၏ အခန်းကဏ္ဍနှင့် စွမ်းဆောင် နိုင်ရည်မှာ အလွန် အရေးပါပြီး ဖွံ့ဖြိုးလာသော မြန်မာနိုင်ငံ၏ Construction ကဏ္ဍ အပါအဝင် အင်ဂျင်နီယာ နယ်ပယ် အသီးသီးရှိ စီမံကိန်း များတွင် အဆင့်မြင့် စီမံခန့်ခွဲသူ တစ်ဦး ဖြစ်လိုသူများ အနေဖြင့် M.Sc Programme and Project Management သည် များစွာ သင့်တော်သည့် ဘွဲ့လွန် ပရိုဂရမ် တစ်ခုဖြစ်ကြောင်း သိရသည်။
အထက်ပါ M.Sc Programme and Project Management ကို စင်ကာပူ နိုင်ငံ Auston Institute of Management တွင် တစ်နှစ်ကြာ တက်ရောက်နိုင်ပြီး အင်္ဂလန် နိုင်ငံ University of Wolverhampton မှ ပေးအပ်မည့် ဘွဲ့ကို ရရှိမည် ဖြစ်သည်။
လျှောက်ထားသူများ အနေဖြင့် IELTS 6.5 ရှိရန် လိုအပ်ပြီး ရမှတ် မရှိပါက Auston Institute \ English Placement Test ကို CROWN Education တွင်အခမဲ့ ဖြေဆိုနိုင်ကြောင်း သိရသည်။
No comments:
Post a Comment