Monday, August 4, 2014



ကုလသမဂ္ဂလုံခြုံရေးကောင်စီပြန်လည်ဖွဲ့စည်းရေး နောက်ဆုံးရက်ကို ဆန့်ကျင်လိုက်တဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီပြန်ဖွဲ့စည်းဖို့အတွက် နောက်ဆုံးပိတ်ရက် သတ်မှတ် စရာမလိုဘူးလို့ ပြောကြားခဲ့ပြီးအာရှအလယ်ပိုင်းနိုင်ငံအချို့ကလည်း သဘောတူညီခဲ့ တယ်လို့ ဆိုပါတယ်။တရုတ်၊ ရုရှားနဲ့ အာရှအလယ်ပိုင်းနိုင်ငံအချို့ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြန်ဖွဲ့စည်းဖို့ အတွက် နောက်ဆုံးရက်သတ်မှတ်ထားစရာမလိုကြောင်း သဘောတူညီခဲ့တယ်လို့ ဆင်ဟွာသတင်း ဌာနက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
ဆင်ဟွာရဲ့ ဖော်ပြချက်အရ တရုတ်အစိုးရဟာ တာဂျစ်ကစ်္စတန်နိုင်ငံရဲ့ မြို့တော်ဒူရှန်ဘီမှာ ပြုလုပ်ခဲ့တဲ့ (၂)ရက်ကြာ အစည်းအဝေးအပြီး ကြာသပတေးနေ့မှာ နောက်ဆုံးသဘောတူညီချက်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး““၀မ်ရီ””နဲ့ ရုရှားနိုင်ငံခြားရေး ၀န်ကြီး““ဆာဂေးလာရော့ဗ်””တို့ ပါဝင်တက် ရောက်ပြီးခဲ့ပြီး ကုလသမဂ္ဂရဲ့ အဓိကအဖွဲ့ဝင်တွေ သဘော မတူညီခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဖို့ အတည်ပြု ခဲ့ကြောင်း ကြေညာ ခဲ့တယ် လို့ ဖော်ပြခဲ့ပါတယ်။

  ဂျပန်၊ ဘရာဇီးလ်၊ ဂျာမဏီနဲ့ အိန်္ဒိယတို့က နောက်နှစ်ထဲမှာ လုံခြုံရေးကောင်စီကိုအပြီးသတ်ဖွဲ့စည်းဖို့ လိုလားနေပြီးတော့ ကုလသမဂ္ဂအဖွဲ့စည်းခဲ့တာဟာ လာမယ့်နှစ်မှာ နှစ်ပေါင်း(၇၀)ပြည့်မှာ ဖြစ်ပါတယ်။ အဲ့ဒီလေးနိုင်ငံ ဟာ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ဖို့ကိုလဲ ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်““ရှင်ဇိုအာဘေး””ဟာ တနင်္လာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီပြန်ဖွဲ့စည်းဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြင့်နိုင်ဖို့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
 
တရုတ်နိုင်ငံဟာ လက်ရှိ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်ရဲ့ ရလဒ်အရ ဗီတိုအာဏာသုံးစွဲခွင့် ပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။
 

No comments:

Post a Comment

back to top