(၇၂) နာရီကြာ အပစ်အခတ်ရပ်စဲလိုက်တဲ့ ဂါဇာ-အစ္စရေး
စစ်ပွဲဖြစ်ပွားနေတဲ့
ဂါဇာဒေသမှာ (၃) ရက်တိတိ အပစ်အခတ်ရပ်စဲထားဖို့ ဟားမက်-အစ္စရေးနှစ်ဖက်လုံးက သဘောတူညီခဲ့ကြောင်း
အမေရိကန်နဲ့ကုလသမဂ္ဂတို့က
ကြေညာခဲ့ပါတယ်။
အစ္စရေးနဲ့
ဟားမက်စ်အဖွဲ့တို့ဟာ ၇၂ နာရီကြာ အပစ်အခတ်ရပ်ဆိုင်းထားဖို့ သဘောတူညီခဲ့ ပြီး ကုလသမဂ္ဂအတွင်းရေးမှူး
ဘန်ကီမွန်းနဲ့ အမေရိကန်အတွင်းဝန် ဂျန်ကယ်ရီတို့က အဲ့ဒီ သဘော တူညီချက်ကို သောကြာနေ့က
ကြေငြာခဲ့ပါတယ်။ သောကြာနေ့ ဂါဇာဒေသစံတော်ချိန် မနက်ရှစ်နာရီ ကနေစပြီးတိုက်ပွဲတွေကို
၇၂ နာရီကြာအောင် ရပ်တန့်ထားဖို့ သဘောတူညီခဲ့ကြ တာဖြစ် ပါတယ်။
အဲ့ဒီလို
ရပ်တန့်ထားတဲ့အချိန်မှာ စစ်ဘေးသင့်ပြည်သူတွေကို လူမှုကူညီရေးတွေ လုပ်ကိုင်နိုင် မှာဖြစ်ပြီး
သေဆုံးသူတွေကို မြှုပ်နှံခြင်း၊ ဒဏ်ရာရသူတွေကို ဆေးကုခြင်းနဲ့ ရိက်္ခာ ရှာဖွေစုဆောင်း တာတွေကို
လုပ်ကိုင်သွားမှာပါ။ အဲ့ဒီကြေညာချက်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းက ကိုယ်စားလှယ်တွေဟာ
အီဂျစ်အစိုးက ဖိတ်ခေါ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အစည်းအဝေးကို ကိုင်ရိုမြို့မှာ တက်ရောက်ခဲ့ပြီးအခုလို
သဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့လည်း ပါဝင် ပါတယ်။ ဂါဇာမှာ တိုက်ပွဲဖြစ်တဲ့အချိန်ကနေ
အခုချိန်ထိ လူပေါင်း ၁၄၀၀ ကျော်သေဆုံးခဲ့ ပြီး ကုလသမဂ္ဂက စီစဉ်ပေးတဲ့ ဒုက္ခသည်စခန်းတွေလည်း
တိုက်ခိုက်ခံခဲ့ရပါတယ်။
No comments:
Post a Comment