Monday, August 4, 2014



အမျိုးသားညီလာခံခေါ်ယူတော့မယ့် ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဟာ အမျိုးသားညီလာခံကို ခေါ်ယူတော့မှာဖြစ်ပြီး ညီလာခံတက်ရောက်မယ့် သူတွေထဲမှာ အများစုဟာ လက်ရှိထိုင်းစစ်တပ်အရာရှိတွေနဲ့အငြိမ်းစားယူထားတဲ့ စစ်တပ်စစ်တပ်အရာရှိ တစ်ရာကျော်၊ တာဝန်ထမ်းယူဆဲ ဒါမှမဟုတ် အငြိမ်းစားယူထားတဲ့ ရဲအရာရှိ အနည်းငယ်ပါဝင်မယ့် အမျိုးသား ညီလာခံခေါ်ကို ခေါ်ယူဖို့ အတည်ပြုပေးလိုက်ပြီဖြစ်တယ်လို့ ထိုင်းတော်ဝင်သတင်းစာမှာ ဖော်ပြ ထားပါတယ်။

သြဂုတ်လ(၇)ရက်နေ့မှာ စတင်ခေါ်ယူမယ့် အမျိုးသားညီလာခံမှာ ကိုယ်စားလှယ် အယောက်(၂၅၀) တက်ရောက်မှာဖြစ်ပြီး အယောက်(၂၀၀)ကတော့ စစ်တပ်အရာရှိတွေအပြင် စစ်တပ်နဲ့ ဆက်နွယ် သူတွေဖြစ်တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။ လာမယ့်တစ်ပတ်မှာ  ကျင်းပမယ့် အမျိုးသား ညီလာခံကနေ ယာယီဝန်ကြီးချုပ်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။ ကြားဖြတ် အစိုးရဟာ အုပ်ချုပ်ရေးကို တာဝန်ယူနေချိန်မှာ လက်ရှိအာဏာရ ထိုင်းစစ်တပ်က အမျိုးသား လုံခြုံရေးကို တာဝန်ယူ သွားမှာဖြစ်တယ်လို့ ဒီလအစောပိုင်းတုန်းက ပြောကြားထားပါတယ်။

ထိုင်းစစ်ဦးစီးချုပ် ““အရာရွတ်ချန်အိုချာ””ကတော့ စစ်တပ်ဟာ (၂၀၁၅)ရွေးကောက်ပွဲတွေမတိုင်ခင် အထိ နိုင်ငံ ကို အုပ်ချုပ်ထားဦးမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ 

No comments:

Post a Comment

back to top