Monday, August 4, 2014

နိုင်ငံတကာ ပွဲများတွင် မန်ယူ၊ အာဆင်နယ်၊ လီဗာပူး၊ ပီအက်စ်ဂျီ အနိုင်ရ



မစ်ရှီဂန်−အမေရိကန်၌ ကျင်းပခဲ့သော နိုင်ငံတကာချန်ပီယံဖလားပြိုင်ပွဲတွင် မန်ယူနှင့်ရီးရဲလ်တို့၏ အုပ်စုပွဲစဉ်၌ မန်ယူက ရီးရဲလ်ကို ၃-၁ ဂိုးဖြင့် နိုင်ခဲ့ပြီး ပွဲမှာလည်း  အမေရိကန်ဘောလုံးလောက တွင် ပရိသတ်တစ်သိန်းကျော် စံချိန်တင်ကြည့်ရှုခဲ့သည့် ပွဲဖြစ်ခဲ့ကာ ကျန်တစ်ပွဲတွင် လီဗာပူးက မီလန်ကို ၂-၀ ဂိုးဖြင့်နိုင်ခဲ့သည်။ အင်္ဂလန်မြေတွင် ကျင်းပ သည့် အမ်းမရိတ်ဖလားပွဲ၌ အိမ် ရှင်အာဆင်နယ်က ဘင်ဖီကာကို ၅-၁ ဂိုးဖြင့်လည်းကောင်း၊ ဗလင် စီယာနှင့်မိုနာကိုမှာ ၂-၂  သရေ ဖြင့်လည်းကောင်း ပွဲပြီးခဲ့သည်။ 
အစောဆုံးကန်သည့် ဥရောပလိဂ်ဖလားပွဲတစ်ခုဖြစ်ခဲ့သည့် ပြင်သစ်လိဂ် စူပါဖလားပွဲ၌ ပီ အက်စ်ဂျီက ဂူအင်ဂမ့်ကို နှစ်ဂိုး ပြတ်နိုင်ကာ ဖလားရခဲ့သည်။ စနေနေ့ပွဲများတွင် မန်ယူ-ရီးရဲလ်ပွဲမှာ မန်ယူအတွက် အရေးပါခဲ့ပြီး နည်းပြဗန်ဂါးလ်အ တွက်လည်း အမေရိကန် ခရီးစဉ် တွင် လေးပွဲမြောက် နိုင်ပွဲဖြစ်ခဲ့သည်။ မန်ယူအတွက် ဂိုးများကို အက်ရှ်လေယန်းက နှစ်ဂိုးသွင်း ပေးခဲ့ပြီး ၂၁ မိနစ်တွင် အဖွင့် ဂိုးကိုသွင်းခဲ့သည်။ သို့ သော် ၂၇ မိနစ်တွင် ရီး ရဲလ်အတွက် ဘေးလ်က ချေပဂိုး သွင်းခဲ့သည်။ ထို့နောက် မန်ယူမှ ယန်းကပင် ၃၇ မိနစ်တွင် ဒုတိ ယဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်း ၇၃ မိနစ်တွင် ဟာနန်ဒက်ဇ်က တတိယဂိုး သွင်းပေးခဲ့သည်။  အုပ်စု(B)မှ လီဗာပူးမှာ လည်း မီလန်ကို ဂျိုးအလန်၊ ဆူဆိုတို့၏ သွင်းဂိုးများဖြင့်  ၂-၀ ဂိုးပြတ်ဖြင့် နိုင်ခဲ့ရာ အင်္ဂါနေ့တွင် မန်ယူ-လီဗာပူးအင်္ဂလိပ် နှစ်သင်း ဗိုလ်လုပွဲ ကစားရတော့မည် ဖြစ်သည်။ ပြင်သစ် စူပါဖလားပွဲတွင် နာမည်ကြီး ပီအက်စ်ဂျီက မျှော် မှန်းထားသည့် အတိုင်း အနိုင်ရ ခဲ့ရာ အီဘရာဟီမိုဗစ်က ပထမ ပိုင်း ၉ မိနစ်တွင် တစ်ဂိုး ၊ ၂၀ မိနစ်တွင် ပင်နယ်တီ တစ်ဂိုးဖြင့် ပွဲအပြီးနှစ်ဂိုးပြတ်နိုင်ကာ စူပါ ဖလားရခဲ့သည်။ အမ်းမရိတ်ဖလားပွဲတွင်မူ အာဆင်နယ်မှ ဆန်နိုဂိုခြေစွမ်းပြ ကာ လေးဂိုးရခဲ့ပြီး ကမ်းဘဲလ် တစ်ဂိုးဖြင့်ပေါင်းကာ စုစုပေါင်း ၅-၁ ဂိုးဖြင့် ဘင်ဖီကာကိုနိုင်ခဲ့ကာ ဗလင်စီယာနှင့်မိုနာကိုတို့မှာ ၂-၂ ဂိုးစီဖြင့် သရေကျခဲ့သည် ။

No comments:

Post a Comment

back to top