Monday, August 4, 2014


ဒုံးလက်နက်ကာကွယ်ရေး အစ္စရေးနိုင်ငံအား အမေရိကန် ကူညီမည်  ဒုံးလက်နက်ကာကွယ်ရေး အစ္စရေးနိုင်ငံအား အမေရိကန် ကူညီမည်အစ္စရေးနိုင်ငံ၏ သံမဏိလိပ်ခုံးဟု အမည်ပေးထားသော ဒုံးလက်နက်ကာကွယ်ရေးစနစ်အတွက် ရန်ပုံငွေဒေါ်လာ ၂၂၅ သန်းထောက်ပံ့ပေး ရန် အမေရိကန်ကွန်ဂရက်လွှတ်တော်က သြဂုတ် ၁ ရက်တွင် အတည်ပြုပေးလိုက်ပြီဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်က အစ္စရေးနိုင်ငံ၏ ဒုံးခွင်းဒုံးကာကွယ်ရေး အစီအစဉ်အတွက် ရန်ပုံငွေ ထောက်ပံ့ပေးရန် ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ရှစ်မဲဖြင့် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ အမေရိကန် အထက်လွှတ်တော်ကလည်း ယင်းအစီအစဉ်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံ မဲရရှိကာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သမ္မတဘားရတ်အိုဘားမားသည် လွှတ်တော်နှစ်ရပ်၏ အတည်ပြုချက်များရရှိပြီးနောက် လက်မှတ်ရေးထိုး ထုတ်ပြန်ပေးမည်ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု၏ အရေးပေါ် အသုံးစရိတ်ရန်ပုံငွေမှ ကျခံမည့် ငွေကြေးကို သုံးစွဲကာ အစ္စရေးနိုင်ငံ၏ ဒုံးလက်နက် ကာကွယ်ရေးစနစ်အတွက် ကြားဖြတ်ဟန့်တားရေး ဒုံးလက်နက်များကို တပ်ဆင်ပေးနိုင်မည်ဖြစ်သည်။

No comments:

Post a Comment

back to top