ပထမကမ္ဘာစစ် နှစ် (၁၀၀) ပြည့် အခမ်းအနားကျင်းပ
ပထမကမ္ဘာစစ်ဖြစ်ပွားခဲ့သော
နှစ် (၁၀၀) ပြည့် အခမ်းအနားကို ပြင်သစ်နိုင်ငံတွင် ယနေ့ကျင်း ပခဲ့ပြီး
ပြင်သစ်သမ္မတဟော်လန်ဒီနှင့် ဂျာမနီသမ္မတ ဂျိုအာချင်ဂေါက်တို့ တက်ရောက်ခဲ့သည်ဟု
ဘီဘီစီ သတင်းဌာနက ယနေ့ဖော်ပြသည်။
ပထမကမ္ဘာစစ်
နှစ် (၁၀၀) ပြည့် အခမ်းအနားကို အဲလမ်ဆက်နယ်ရှိ Vieil Armand စစ်သင်္ချီင်းတွင်
ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းလည်း တက်ရောက်ခဲ့သည်ဟု
သိရသည်။ နှစ် (၁၀၀) ပြည့် အခမ်းအနားကျင်းပခဲ့သော Vieil Armand စစ်သင်္ချီင်းတွင်
ပထမကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့သော အမှတ်တရနေရာများ ပြုလုပ်ပေးထားသည်ဟု သိရသည်။
ထို့အပြင် အဆိုပါ စစ်သင်္ချီင်းတွင် အတည်မပြုနိုင်ခဲ့သော အခြားစစ်သား ၁၂၀၀၀
ကျော်ကိုလည်း မြှုပ်နှံထားသည်။
ပြင်သစ်သမ္မတဟော်လန်ဒီက
ပထမကမ္ဘာစစ် နှစ် (၁၀၀) ပြည့် အခမ်းအနားတွင် သမိုင်းမှာ အထင် ကရဖြစ်ခဲ့တဲ့
ဖြစ်စဉ်တစ်ခု နှစ် (၁၀၀) ပြည့်မြောက်သွားခဲ့ပါပြီ။ အပြန်အလှန်ရလိုမှုတွေကြောင့်
လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ အလားတူဖြစ်စဉ်မျိုးတွေလဲ ရှိခဲ့ပါတယ်။
ဘယ်လိုကြောင့် ပဲဖြစ်ခဲ့ဖြစ်ခဲ့ လူသားပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ပထမကမ္ဘာစစ်လို
ဖြစ်စဉ်မျိုးတွေ ထပ်မံမဖြစ်ပွားအောင် သတိထား ကာကွယ်ကြရမှာပါ။ ဒီဖြစ်စဉ်ဆိုးကြီးမှာ
အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေကို ထာဝရဂုဏ်ပြုဖို့ လိုမယ်လို့ယုံကြည်ပါတယ်
ဟုပြောသည်။
No comments:
Post a Comment