Friday, August 15, 2014



တောင်အာရှဘက်အခြမ်းတွင် စစ်ရေးလေ့ကျင့်မှု များ လုပ်ဆောင်နေ သည့် ရုရှားနိုင်ငံ

ရုရှားနိုင်ငံဟာ တောင်အာရှဘက်ခြမ်းတွင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။ရုရှားနိုင်ငံဟာ ခါကျွန်းစုတွေမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ်္ဂိုလ်က အင်္ဂါနေ့မှာ ပြောကြားထားပါတယ်။ အဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာ ရုရှားနိုင်ငံ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်က တပ်သားတစ်ထောင်ကျော်လည်း ပါဝင်လေ့ကျင့်နေတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတွင်း စစ်ရေးလေ့ကျင့် မှုတွေမှာ အကြီးဆုံးဖြစ်ပြီး တိုက်ခိုက်ရေး ဟယ်လီကော်ပတာ (၅) စင်းနဲ့ စစ်သုံးယာဉ်အစင်း (၁၀၀) လည်း ပါဝင်တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံဘက်က ခါကျွန်းစုလို့ ခေါ်တဲ့ကျွန်းတွေထဲက ကျွန်း (၄) ကျွန်းဟာ ဂျပန်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ပြောထားပါတယ်။ ဂျပန်နိုင်ငံကတော့ အဲ့ဒီကျွန်းတွေ ဟာ မြောက်ပိုင်း နယ်မြေတွေလို့ခေါ်ကြပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ ရုရှားနိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံပိုင် ကျွန်း (၄) ကျွန်းမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်မယ် ဆိုပါက ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။  

No comments:

Post a Comment

back to top