Friday, August 15, 2014

အယူခံတစ်စိတ်တစ်ပိုင်းအောင်၍ ဆွာရက်ဇ် ဘာကာနှင့် လေ့ကျင့်ရေးပြန်ဆင်း



ဘာစီလိုနာမှ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်အား ဖီဖာက ဘောလုံးကစားခွင့်လေးလ ပိတ်ပင်ထားခြင်းအပေါ် ကစားသမားဘက်က အားကစားအငြင်းပွားမှုဆိုင်ရာခုံရုံး (CAS)တွင် အယူခံဝင်ခဲ့မှုမှာ ပြစ်ဒဏ်တစ်ပိုင်းတစ်စ ပယ်ဖျက်ပေးလိုက်၍ ၎င်းမှာ ဘာကာနှင့်အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ပြီဖြစ်သည်။ 
ဘီဘီစီသတင်းက ဆွာရက်ဇ်အား ဖီဖာက ချမှတ်သည့် ပြစ်ဒဏ်ကို သဘောတူသော်လည်း ဘောလုံးနှင့်ဆက်နွှယ်သည့် မည်သည့်လှုပ်ရှားမှုမှ လုပ်ခြင်းမပြုရန် တားမြစ်ချက်မှာ များလွန်းနေကြောင်း သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ကစားသမားအနေဖြင့် သတ်မှတ်ပြစ်ဒဏ်ပြည့်၍ ဘောလုံးပြန်ကစားနိုင်ပါက အခက်အခဲ  မကြုံနိုင်အောင် စဉ်းစားကာ ကလပ်အသင်းနှင့် လေ့ကျင့်ရေးဆင်းခြင်းကို ပြင်ဆင်ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ ကြာသပတေးညတွင်  ထွက်ပေါ်ခဲ့သော CAS ဆုံးဖြတ်ချက်မှာ ယနေ့တွင်အတည်ဖြစ်မည်ဖြစ်သည်။ သို့သော် ရုံးတော်ဆုံးဖြတ်ချက်အရ ဆွာရက်ဇ်သည် နိုင်ငံအသင်း ဥရုဂွေးအတွက်လည်း လာမည့် စက်တင်ဘာနှင့် အောက်တိုဘာ လအတွင်း ချစ်ကြည်ရေးပွဲများကိုကစားနိုင်တော့မည်ဟု ၎င်း၏ ရှေ့ နေများကဆိုသည်။ ထို့အပြင် ၎င်းသည် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည့်အချိန်တွင် ရီးရဲလ်နှင့်ဘာကာတို့ တွေ့ဆုံမည့် အောက်တိုဘာ ၂၆ ရက် လာလီဂါပွဲ ကစားနိုင်မည်ဖြစ်သည်။ သို့သော် ၎င်းသည် ဘာကာ၏ လာမည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ခြောက်ပွဲစလုံးကိုမူ လွဲချော်မည်ဖြစ်သည်။ 

No comments:

Post a Comment

back to top