စီးပွားရေး ဆိုင်ရာ စီမံ ခန့်ခွဲမှု ကျွမ်းကျင် ပညာရှင်မှ သင်တန်း သုံးရက် ပို့ချမည်
အမေရိကန်နိုင်ငံမှ Win Rock Inter- national အဖွဲ့အစည်း၏ Farmer to Farmer ပရိုဂရမ်အရ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါ အစီအစဉ်အရ အမေရိကန်နိုင်ငံမှ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် တစ်ဦးက သြဂုတ် ၁၈ ရက်မှ ၂ဝ ရက် အထိ သုံးရက်ကြာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သို့ လာရောက်ကာ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ပညာရပ် တစ်ခုဖြစ်သည့် ငါး၊ ပုစွန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည့် နည်းလမ်းများကို သင်ကြားပို့ ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပို့ချရာတွင် မွေးမြူရေးလုပ်ငန်းများ၏ အကျိုးအမြတ်အပေါ် သက်ရောက်မှုများ၊ စီးပွားရေးလုပ်ငန်း တစ်ခုတည်ထောင်ရာတွင် လိုအပ်သော ငွေကြေးကဏ္ဍ၊ ဝင် ငွေရှင်းတမ်းများအပေါ် သက်ရောက်မှုများ၊ မြေကြီးမလိုအပ်ဘဲ ရေပေါ်၌ သစ်ပင်များ စိုက်ပျိုးခြင်း၊ ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီမံချက်ရေးဆွဲ၍ ထုတ်လုပ်သောလုပ်ငန်းများ အစရှိသော နည်းလမ်းများကို ပို့ချသွားမည် ဖြစ်သည့်အတွက် ငါး၊ ပုစွန်မွေးမြူရေး စီးပွားရေးဆိုင်ရာ ပညာရှင်များ၊ ငါး၊ ပုစွန်မွေးမြူရေး ကန်ပိုင်ရှင်များ၊ မန်နေဂျာများ တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
No comments:
Post a Comment