Monday, August 4, 2014

မန်ယူအသင်း နွေရာသီကစားသမားခေါ်ယူမှု ပြီးဆုံးပြီဖြစ်ကြောင်း ဗန်ဂါးလ် အရိပ်အမြွက်ပြော


မန်ချက်စတာ− မန်ယူအသင်းအနေဖြင့် ယခုနှစ် နွေရာသီဘောလုံးသမား အပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ထပ်မံခေါ်ယူတော့မည်မဟုတ်ကြောင်း နည်းပြသစ်ဗန်ဂါးလ်က ပြောကြားပြီး လက်ရှိ ကစားသမား များကို အခွင့်အရေးပေးသွားမည် ဟု ပြောသည်။ မန်ယူအသင်း ဘယ် နောက်ခံကစားသမား လု့စ်ရှော နှင့် ကွင်းလယ်ကစားသမား အန် ဒါဟာရေးရားတို့ကို ခေါ်ယူထား သည်။ 
ပထမဆုံးအနေဖြင့် လက်ရှိကစားသမားများ၏ ခြေစွမ်းကို လေ့လာလိုကြောင်း၊ ၎င်းတို့ကို အခွင့်အရေးပေးလိုကြောင်းနှင့် မန်ယူအနေဖြင့် အခြားကစားသ မားများ မလိုအပ်ခြင်း ဖြစ်နိုင် ကြောင်း နယ်သာလန်နိုင်ငံသား ဗန်ဂါးလ်က ပြောသည်။ မန်ယူအသင်းက ပစ်မှတ်ထားနေသော ကစားသမားများတွင် ချီလီအသင်းကွင်းလယ်က စားသမား အာတူရိုဗီဒယ်လ် လည်း ပါဝင်သည်။ သို့သော် အသက်(၂၇)နှစ်ရှိ အာတူရိုဗီဒယ်မှာ ဂျူဗင်တပ်တွင်သာ နေလိုသည်။ အာဆင်နယ်အသင်းခေါင်းဆောင် ဗာမီလန် အပါအဝင် ဗန်ဂါးလ် စိတ်ဝင်စားနေသည့် အခြားကစားသမားတစ်ဦးမှာ အမ်းမရိတ်ကွင်းမှ ထွက်ခွာနိုင်ကြောင်း အာဆင်နယ် နည်းပြ အာစင်ဝင်း ဂါးက ပြောသည်။ မန်ယူအသင်းမှ လက်ထောက်နည်းပြ ရွိုင်ယန်ဂစ်မှာ ဘောလုံးသမားဘဝမှ အနားယူ သွားပြီး ရီယိုဖာဒီနန်၊ ဗီဒစ်တို့မှာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းမှ ထွက်ခွာသွားကာ အလက်ဇန်းဒါးဘတ်တနာနှင့် အီဗရာတို့ကို ရောင်းထုတ်ခဲ့သည်။ ဗန်ဂါးလ်တွင် ဗဟိုနောက်ခံ ကစားသမား သုံးဦးရှိပြီး ၎င်းတို့ အနက် စမောလ်လင်းမှာ ရီးရဲလ် နှင့် စူပါဖလားပွဲစဉ်ကို လွဲချော် မည်ဖြစ်သည်။
—Ref: ESPN

No comments:

Post a Comment

back to top