Monday, August 18, 2014

iBanking စနစ် အသုံးပြုသူများ အတွက် SMS alert ဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် စီစဉ်

Internet Banking (iBanking) စနစ်ကို  အသုံးပြုသူများ အတွက် ငွေသွင်းငွေထုတ်ခြင်းနှင့် ငွေလွှဲခြင်းများ လုပ်ဆောင်သော အခါ SMS alert ဖြင့်လည်း ဝန်ဆောင်မှု ပေးနိုင်စေရန် သမဝါယမ ဘဏ် လီမိတက်   နည်းပညာ ဌာနမှ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ CB Bank မှ iBanking စနစ်ကို အသုံးပြုလိုသူများ အနေဖြင့် User ID, Password နှင့် One Time Password တို့ ရရှိထားရန် လိုအပ်ပြီး လက်ရှိတွင် E-mail alert ဖြင့် ငွေသွင်း ငွေ ထုတ်ခြင်းနှင့် ငွေလွှဲခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မကြာမီ မိုဘိုင်းလ်ဖုန်း SMS alert ဖြင့်လည်း ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ရာ မိုဘိုင်းလ်ဖုန်း တစ်လုံး ရှိရုံဖြင့် iBanking စနစ်ကို အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း၊ Hacker များ ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိစေရန် အတွက်လည်း လုံခြုံစိတ်ချရသော နိုင်ငံတကာ အဆင့်မြင့် နည်းပညာ များကို အသုံးပြု ထားကြောင်း CB   Bank မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
iBanking စနစ်ကို အသုံးပြု၍ ငွေသွင်းငွေထုတ်ခြင်းနှင့် ငွေလွှဲခြင်း လုပ်ငန်းများ အပြင် မိမိ ငွေစာရင်း များကို အချိန်မရွေး စစ်ဆေးခြင်း၊ ချက်လက်မှတ်များကို အရေးပေါ် ကိစ္စရပ် များကြောင့် ပြန်လည် ဖျက်သိမ်းခြင်းနှင့် ငွေလွှဲမည့် နေ့ရက် ရွေးချယ်ကာ ကြိုတင် ငွေလွှဲခြင်း   စသည် တို့ကိုလည်း အလွယ်တကူ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

back to top