ဘန်ကောက်တွင် ကြော်ငြာရိုက်ကူးစဉ် မိတ်ကပ်လိမ်းခဲ့ရသည့် ပြေတီဦး
ရိုက်ကူးရေးပြုလုပ်ပါက မိတ်ကပ်လိမ်းလေ့မရှိသော်လည်း ဘန်ကောက်တွင် ရိုက်ကူးသော ကြော်ငြာတွင်မူ မိတ်ကပ်လိမ်း၍ ရိုက်ခဲ့ရကြောင်း ပြေတီဦးကပြောသည်။ ‘‘ဒီမှာရိုက်ရင် ဘယ်ကားမှ မိတ်ကပ်မလိမ်းဘူး။ ဒီတိုင်းရိုက်တာပဲ။ သူတို့ဆီမှာကျတော့ မလိမ်းလို့မရဘူး။ ကျွန်တော် ငြင်းတော့ငြင်းတယ်။ သူတို့ဆီက ကင်မရာနဲ့ကျတော့ မျက်နှာမှာ ပြဿနာရှိမှာစိုးတဲ့အတွက် မတတ်နိုင်ဘူး။ အလိမ်းခံခဲ့ရတယ်’’ဟု ၎င်းကပြောသည်။
ယင်းကြော်ငြာကို ဘန်ကောက်တွင် သွားရောက်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်နှင့်အတူ ရိုက်ကူးခဲ့ခြင်းဖြစ် သည် ဟု ၎င်းကပြောသည်။ ‘‘ဒီကြော်ငြာမှာ ကျွန်တော်ရယ်၊ အူဝဲရယ်က အားဆေးအမြဲတမ်းသောက်တယ်။ အဲဒါကြောင့် သန်စွမ်းပြီး ဖျတ်လတ်နေတယ်။ အဲဒါကို ကျွန်တော်တို့ရဲ့သမီးလေးက လှမ်းကြည့်လိုက်တဲ့အခါ အဖေနဲ့အမေကို စူပါဟီးရိုးလို့ မြင်နေတယ်။ အဲဒီလိုမျိုး ဇာတ်လမ်းပုံစံလေးပါ’’ဟု ကြော်ငြာရိုက်ကူးရေးနှင့်ပတ်သက်၍ ၎င်းကပြောသည်။ အဆိုပါကြော်ငြာကို သြဂုတ် လဆန်း ပိုင်းက သွားရောက်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပြည်ပတွင် ဇနီးဖြစ်သူနှင့်အတူ ရိုက်ကူးသည့် ပထမဆုံးကြော်ငြာဖြစ်ကြောင်း ၎င်းက ပြော သည်။
No comments:
Post a Comment