Monday, August 18, 2014

မြန်မာယူ-၁၉ အသင်း အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲတက်

ဘရူနိုင်းဘုရင့်ဖလား ဘောလုံးပြိုင်ပွဲ(The Hassanal Bolkiah Trophy 20014)အုပ်စု (က)နောက်ဆုံးပွဲစဉ်တွင် မြန်မာ ယူ-၁၉အသင်းသည် ဖိလစ်ပိုင်အသင်းကို ၃-၁ဂိုးဖြင့်အနိုင်ယူကာ အုပ်စုပထမနေရာဖြင့် အကြိုဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည်။

သြဂုတ်လ ၁၇ ရက်က ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘဂါဝန်မြို့တွင် ကျင်းပခဲ့သည့်အဆိုပါပွဲစဉ်တွင် မြန်မာယူ-၁၉အသင်းအတွက် အနိုင်ဂိုးများကိုပွဲချိန် ၁၁ မိနစ်၊ ၅၆မိနစ်တို့တွင်လည်းကောင်း၊ ဖိလစ်ပိုင်လူငယ်အသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၆၄မိနစ်တွင်လည်းကောင်း သွင်းယူခဲ့ခြင်းဖြစ်သည်။
အုပ်စု(က)မှ မြန်မာယူ-၁၉ အသင်းသည် အုပ်စုပွဲစဉ်လေးပွဲ အပြီးတွင် ရှုံးပွဲမရှိဘဲ ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ရမှတ် ၁၂မှတ်ရရှိကာ အုပ်စုပထမဖြင့်လည်းကောင်း၊ ရမှတ်ကိုးမှတ်ရရှိထားသည့် ထိုင်းလူငယ်အသင်းက အုပ်စုဒုတိယအနေဖြင့်လည်းကောင်း အကြိုဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည်။ အုပ်စု(ခ)တွင် အကြိုဗိုလ်လုပွဲတက်ရောက်ခွင့်အတွက်မလေးရှား၊ ကမ္ဘောဒီးယား၊ဗီယက်နမ်၊ ဘရူနိုင်းအသင်းများကအခွင့်အရေးရှိနေဆဲဖြစ်ပြီး သြဂုတ်လ ၁၈ ရက်တွင် ကျင်းပမည့်အုပ်စု နောက်ဆုံး ပွဲစဉ်များပြီးမှသာ အဖြေပေါ်မည်ဖြစ်သည်။

No comments:

Post a Comment

back to top