ကစားသမားကောင်းတွေကို လီဗာပူး ဆွဲဆောင်နိုင်ခဲ့ပြီလို့ ရော်ဂျာ ပြော
ချန်ပီယံလိဂ်နဲ့ (၄)နှစ်ကြာ ဝေးကွာခဲ့ပြီးနောက် ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲတွေကို ဒီနှစ်မှာ တစ်ကျော့ပြန် ကစားခွင့် ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်နိုင်တဲ့ အဆင့်ကို ပြန်ရောက်လာပြီလို့ လီဗာပူး နည်းပြရော်ဂျာက ဗုဒ္ဓဟူးနေ့၊ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
လီဗာပူးဟာ ဒီနှစ်နွေရာသီထဲ ထိပ်တန်း ကစားသမားတွေ ခေါ်နိုင်ပေမယ့် မနှစ်က နွေရာသီဈေးကွက်မှာတော့ ၀ီလျံနဲ့ မီခီတာရန်တို့လို ကစားသမားတွေကို မခေါ်နိုင်ခဲ့ပါဘူး။ သူတို့နှစ်ဦးကို ချဲလ်ဆီးနဲ့ ဘိုရုရှားဒေါ့တ်မွန်အသင်းတွေဆီ အသီးသီး လက်လွှတ်ခဲ့ရပါတယ်။ အခုတော့ လီဗာပူးဟာ ဆီဗီလာ နောက်ခံလူ အယ်လ်ဘာတိုမိုရီနို အပါအ၀င် ကစားသမားသစ် (၈)ဦးအထိ ခေါ်ထားပါပြီ။ ရော်ဂျာက ’’ကစားသမားသစ်တွေ ခေါ်နိုင်တာက အသင်းပုံရိပ် တိုးတက်မှုကို ညွှန်းဆိုရာ ရောက်ပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတော့ ကျွန်တော်တို့ဟာ အများကြီး ရုန်းကန်ခဲ့ရပါတယ်။ အခု ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်နိုင်မှုနှုန်း သိသိသာသာ တိုးတက်လာပါတယ်။ လော့ဗ်ရန်ဆိုရင် လိုင်ယွန်နဲ့ ဆောက်သမ်တန်တို့မှာ တကယ်ခြေစွမ်းပြနိုင်တဲ့ ကစားသမားပါ။ သူ့ကို ကလပ်အသင်းတချို့က ခေါ်ဖို့ ဆက်သွယ်ခဲ့ပေမယ့် ကျွန်တော်တို့ လီဗာပူးကိုပဲ ရွေးခဲ့ပါတယ်’’လို့ ပြောပါတယ်။
No comments:
Post a Comment