Friday, August 15, 2014

ဥရောပအကောင်းဆုံးဆု ရော်နယ်ဒို ရေပန်းစား



ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)သည် မကြာမီရက်ပိုင်းအတွင်း ဥရောပအကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းဝင် သုံးဦးကို ကြေညာတော့မည်ဖြစ်ရာ မက်ဒရစ် တိုက် စစ်မှူး ရော်နယ်ဒိုမှာ ထိုဆုရရန် ထိပ်ဆုံးမှ ရေပန်းစားနေသည်။ ထိုဆုကို ယူအီးအက်ဖ်အေအဖွဲ့ဝင်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တစ်ခုစီမှ တစ်မဲစီနှင့် ဂျာနယ်လစ် ၅၃ ဦးတို့က မဲပေးရွေးချယ်သွား မည်ဖြစ်သည်။ 
ဆုရရှိသူကို ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ မဲခွဲဆုံး ဖြတ်ခြင်းမပြုမီတွင် ကြေညာသွားမည်ဖြစ်သည်။ လက်ရှိတွင် ဆုရရန် ရေပန်းစားနေသူများအနက် ရော်နယ်ဒိုအပြင်  ဒီယေဂိုကော်စတာ၊ ဖိလစ်လမ်း၊ သောမတ်စ်မူလာ၊ မန်နျူရယ်နူအာ၊ အာဂျန်ရော်ဘင်၊ မက်ဆီ၊ ဆွာရက်ဇ်၊ ဒီမာရီယာနှင့်ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့လည်း ပါဝင်သည်။ မကြာသေးမီက ထုတ်ပြန်သည့် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုသည် ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပလာတီနီတီထွင်ခဲ့ သော ဆုဖြစ်ကာ ယခုနှစ်တွင် လေးကြိမ်မြောက်ဖြစ်သွားပြီဖြစ် သည်။ ယခင်သုံးကြိမ်တွင် မက်ဆီ၊ အင်နီယေစတာနှင့် ရီဘာရီတို့က အသီးသီးရရှိခဲ့သည်။ ရော်နယ်ဒိုသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရီးရဲလ်အတွက် ပွဲ(၃၀)ကစားကာ ၃၁ ဂိုး သွင်းပေးထားပြီး စပိန်ထိပ်တန်းဂိုးသွင်းရှင်ဆုရခဲ့သည်။ ထို့အပြင် ဆွာရက်ဇ်နှင့်အတူ ဥရောပရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့သည်။      —Ref: AS

No comments:

Post a Comment

back to top