Friday, August 15, 2014

ဟာသအခန်းတွေမှာ ပင်ကိုယ်အရည်အသွေး လျှပ်တစ်ပြက်သုံး ရတာရှိတယ်ဆိုတဲ့ အေးအေးခိုင်


ဒိုင်ယာလော့ခ်အပေါ်မူတည်ပြီး သရုပ်ဆောင်ရတာက စကားနဲ့ အိုက်တင် နှစ်မျိးရှိတယ်။ ဒါရိုက်တာက သူပြောချင်တဲ့စကားကိုသင်ပေးတယ်။ လုပ်လို့ရတဲ့ လုပ်ကွက်အပေါ် မူတည်ပြီး ရီဟာဇယ်မှာ ကိုယ့်ပင် ကိုယ်ညဏ်နဲ့ စကားလုံးပြောပြလို့ ဒါရိုက်တာလက်ခံရင် ပြောလိုက်တယ်။ လက်မခံရင် မပြောဘူး။ တကယ်ရိုက်ပြီဆိုတဲ့အခါ ညဏ်ပေါ်လာရင်လဲ ပြောလိုက်တယ်။ ပင်ကို အရည်အသွေး လျှပ်တစ်ပြက်သုံး လိုက်ရတာမျိုးရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အတွဲညီတဲ့သူတွေနဲ့ဆို ဟာသခန်း အရမ်း သရုပ်ဆောင်လို့ကောင်းတယ်။ ဒါရိုက်တာ သင်ပေးတာမပါပေမယ့် အတွဲညီတဲ့ အနုပညာ မောင်နှမတွေ အိုက်တင်ညီရင် သရုပ်ဆောင်လို့ကောင်းတယ်။ အခုနောက်ပိုင်း အတည်ပုံစံနဲ့ သရုပ်ဆောင်ထားတာ အများကြီးပဲ။ ဘ၀ပေးဇာတ်လမ်းလေးတွေပေါ့။ အစ်မကတော့ အတည်ပုံစံဖြစ်ဖြစ်၊ ဟာသပုံစံပဲဖြစ်ဖြစ် သရုပ်ဆောင်ချင်တယ်။ အနုပညာအလုပ်လုပ်နေရရင်ပဲ ကျေနပ်တယ်။ တကယ်တမ်း ကျတော့ ဟာသသရုပ်ဆောင်ရတာ လူတွေစိတ်ချမ်းသာတာပေါ့။ ပရိသတ်စိတ်ချမ်းသာရင် ကိုယ်တွေ ကျေနပ်တာ ပေါ့။ စိတ်ညစ်စရာဆို ဘယ်သူမှမကြည့်ချင်ကြဘူး။ တက်သစ်စ အနုပညာရှင်အငယ်များနှင့် ဇာတ်ပို့သရုပ်ဆောင်ဆက်ဆံရေးကို သူမက- အစ်မတို့နဲ့အဆင်ပြေတယ်။ အနုပညာရှင် အငယ်တွေများ လာလဲ အဆင်ပြေတယ်။ ကိုယ့်အိမ်မှာ ဘုရင်မဖြစ်ချင်ဖြစ်မယ်။ သူတို့နဲ့တွေ့ရင် သူတို့က မင်းသမီးပဲ။ ငယ်ပေမယ့် နေရာပေးရတယ်။ သူတို့ကလဲ ကိုယ်တွေကိုတွေ့ရင် ရိုသေပါတယ်။ ညီအကိုမောင်နှမတွေလို ပါပဲဟုဆိုပါတယ်။ 

No comments:

Post a Comment

back to top