Monday, August 18, 2014

ပုပ်ရဟန်းမင်းကြီးကို ရည်ညွှန်းပြီး ဒုံးကျည် ပစ်လွှတ်တာ မဟုတ်ဘူး လို့ပြောကြားလိုက်သည့် မြောက်ကိုရီးယား


မြောက်ကိုရီးယားနိုင်ငံက ပုပ်ရဟန်းမင်းကြီး တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိစဉ် စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုဟာ တိုက်ဆိုင်မှုသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ပုပ်ရဟန်းမင်းကြီး"ဖရန့်ဆစ်" တောင်ကိုရီးယားနိုင်ငံကို ကြာသပတေးနေ့ကစတင်ပြီး (၅) ရက်တာ အလည်အပတ်ရောက်ရှိအတွင်းမှာ မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် (၃) စင်း စမ်းသပ် ပစ်ခတ်ခဲ့မှုဟာ တိုက်ဆိုင်မှုသက်သက်သာဖြစ်တယ် လို့ ဒီကနေ့မှာ ဖြေရှင်းချက် ထုတ်လိုက်ပါတယ်။ ကြာသပတေးနေ့တုန်းက စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုကို ခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး ဂျပန်အုပ်ချုပ်မှုကနေ ကိုရီးယားကျွန်းဆွယ်လွတ်မြောက်တဲ့ (၆၉) နှစ်မြောက် လွတ်လပ်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့ ကျင်းပတာဖြစ် တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ခေါင်းဆောင်ကင်ဂျွန်အန် ကြီးကြပ် ခဲ့တဲ့ ဒီစမ်းသပ်မှုကို ဘယ်မှာလုပ်ခဲ့တယ်ဆိုတာနဲ့ ဘယ်အချိန်မှာ လုပ်ဆောင်ခဲ့တယ်ဆိုတာကို KCNA  သတင်းဌာနက အတိအကျမထုတ်ပြန်ခဲ့ပါဘူး။ တောင် ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေကတော့ မြောက်ကိုရီးယားဘက် က ဒုံးကျည်ပစ်ခတ် အရိပ် အယောင်ကိုတော့ ကြာသပတေးနေ့တုန်းက မတွေ့ရှိခဲ့ဘူးလို့ ပြောကြားထားပါတယ်။

No comments:

Post a Comment

back to top