Monday, August 18, 2014

တစ်ဖက်သတ်သရဖူအသိမ်းခံခဲ့ရကြောင်း ဖွင့်ဟတဲ့ ထားထက်ထက်နဲ့ ခင်ဝင့်ဝါ

မကြာသေးမီက သရဖူ လွှဲပြောင်းခွင့်ပိတ်ပင်ခြင်းခံခဲ့ရ သော အလှမယ်ထားထက်ထက်နှင့် ခင်ဝင့်ဝါတို့က ၎င်းတို့ကို အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ ပိတ်သိမ်းခံခဲ့ရခြင်းဖြစ် ကြောင်း ပြောကြားလိုက်သည်။ နှစ်ဖက်စာချုပ်သက်တမ်းသည် ဩဂုတ် ၁၅ ရက်တွင် ကုန်ဆုံး သည့်အတွက် သရဖူသိမ်းခံရခြင်းကိစ္စကို ယခုပြန်လည်ဖြေရှင်း သည့်အနေဖြင့် မီဒီယာအချို့နှင့် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း ၎င်းတို့ကပြောသည်။ စာချုပ်စည်းကမ်းဖောက်ဖျက်လျှင် သိန်း ၉၀၀ ပေးလျော်ရမည်ဖြစ်၍ စာချုပ်သက်တမ်းကုန်ဆုံးမှသာ ဖွင့်ဟခြင်းဖြစ်သည်ဟု ၎င်းတို့ကပြောသည်။ ‘‘ဘာပြစ်ချက်ရှိတယ်ဆိုတာလည်း မပြောဘဲနဲ့ သရဖူလွှဲခွင့် မပေးဘူး’’ဟု ထားထက်ထက်က ပြောသည်။
၂၀၁၄ ခုနှစ်သြဂုတ် ၂၄ရက်က ထားထက်ထက်၊ခင်ဝင့်ဝါနှင့် ၄င်းတို့၏အဖွဲ့အစည်းတို့ ကြားချုပ်ဆိုထားသော စာချုပ်တစ်နှစ်ပြည့် သွားခဲ့ပြီး စာချုပ်ကာလအတွင်းတွင် ၄င်းတို့နှစ်ဦး၏အနုပညာကြေးထဲမှ ၃၀ရာခိုင်နှုန်းကိုလည်း မပျက်မကွက်ပေးသွင်းခဲ့ကြောင်း ၄င်းတို့နှစ်ဦးကပြောသည်။ တာဝန်ထမ်းဆောင်ရသည့် တစ်နှစ်အတွင်းတွင် အဖွဲ့အစည်းမုစီစဉ်သော ပရစိတ ခရီးစဉ်တစ်ခုသာရှိခဲ့ ပြီး မိမိတို့လုပ်ဆောင်ခဲ့သော ပရဟိတများကို ကိုယ်တိုင်အသိစိတ်ဖြင့်သာ လုပ်ဆောင်ခဲ့ပြီး အလှမယ်တစ်ဦး၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း ထားထက်ထက်ကပြောသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ၄င်းတို့၏အဖွဲ့အစည်းဖြစ်သော Miss Golden Myanmar မှ ကိုဝေယံအောင်က" ပြစ်ချက် မပြနိုင်တာမဟုတ်ဘူးဗျ။ သူတို့ ဂုဏ်သိက္ခာကိုထိခိုက်မှာစိုးလို့ မပြထာဘဲရှိတာပါ။ ပြစ်ချက်တွေအများကြီး၊ ပြောစရာတွေအများကြီးရှိတယ်" ဟုပြန်လည်တုံ့ပြန်ခဲ့သည်။


No comments:

Post a Comment

back to top