Monday, August 18, 2014

အကြီးဆုံး စစ်ရေးပြပွဲ ကျင်းပတဲ့ ပိုလန်နိုင်ငံ


ပိုလန်နိုင်ငံဟာ နှစ်ပေါင်းများစွာအတွင်းမှာ အကြီးဆုံးစစ်ရေးပြသမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ပိုလန်နိုင်ငံဟာ သူတို့ရဲ့ တပ်မတော်နေ့ အခမ်းအနား အဖြစ်နဲ့ နှစ်များစွာအတွင်း အကြီးမားဆုံး စစ်ရေးပြပွဲတစ်ခုကို သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။ ပိုလန်နိုင်ငံဟာ ဆိုဗီယက်ကို (၁၉၂၀)ခုနှစ်က တွန်းလှန်နိုင်ခဲ့တဲ့နေ့ကို အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ် ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ရေးပြပွဲမှာ နေတိုးစစ်သား ၁၀၀ နီးပါးနဲ့အတူ ပိုလန်စစ်သား ၁၂၀၀ လောက်လည်း ပါဝင်ခဲ့ပြီးတော့ ပိုလန်သမ္မတ ကိုမိုရောစကီးက အိမ်နီးချင်းယူကရိန်းရဲ့ အဖြစ်ဟာ အရှေ့ဥရောပနိုင်ငံတွေရဲ့ လုံခြံမှုအတွက် သင်ခန်းစာယူစရာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ပိုလန်စစ်ရေးပြပွဲ မှာ လေယာဉ်အစီး ၆၀ နဲ့ တင့်ကား ၁၂၀ အပါအ၀င် စစ်ယာဉ်တွေလည်း ပါဝင်ပြသခဲ့ပါတယ်။

No comments:

Post a Comment

back to top