Monday, August 4, 2014

၂ဝ၁၅ စင်ကာပူ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစား နည်းများကို ယခုလအတွင်း အတည်ပြု ထုတ်ပြန်သွားမည်

၂ဝ၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့၏ ကစားနည်းများကို ယခုလအတွင်း အတည်ပြု ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရ သည်။
အဆိုပါ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင်ရန် မြန်မာအားကစား အဖွဲ့များ၏ လေ့ကျင့်မှု များကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ပြုလုပ်လျက်ရှိပြီး အိမ်ရှင်အဖြစ် ကျင်းပပေးခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရရှိခဲ့သည့် ဆုတံဆိပ်များထက် လျော့ကျ မသွားစေရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
''စင်ကာပူ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲက ကျင်းပဖို့ တစ်နှစ်တောင် မလိုတော့ပါဘူး။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဆုတံဆိပ်တွေထက် မနည်းအောင်လို့ ကစားသမားတွေကလည်း အပြင်းအထန် လေ့ကျင့်နေပြီး ကြိုးစားနေကြ ပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစား နည်းတွေကို မကြာမီ အတည်ပြု ထုတ်ပြန် သွားမှာပါ'' ဟု အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top