Monday, August 4, 2014

လန်ဒန်မြို့လယ်က ပန်းခြံကို သဲသောင်ပြင် ဘော်လီဘော ကွင်းအဖြစ် ဖန်တီး

နာမည်ကျော် အင်္ဂလန်နိုင်ငံရဲ့မြို့တော် လန်ဒန်မြို့လယ်က ကွန်ဗန့်ပန်းခြံကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သဲသောင်ပြင် ဘော်လီဘောကွင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့ရတာကတော့ ၂၀၁၂လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ အင်္ဂလန်နိုင်ငံ ကိုယ်စားပြု ကစားခဲ့ကြတဲ့ ဘော်လီဘောမယ် လူစီဘူလ်တန်နဲ့ ဇာရာဒမ့်နေးတို့ရဲ့ စီစဉ်မှုကြောင့်ပဲ ဖြစ်ပါတယ်။သူတို့(၂)ဦးဟာ သြစတြေးလျ ဘီယာကုမ္ပ္ပဏီတစ်ခုရဲ့ စီစဉ်မှုနဲ့အတူ တန်ချိန်(၆၀)ရှိတဲ့ သဲတွေကို သယ်လာပြီး ပန်းခြံအတွင်းခင်းကာ သဲသောင်ပြင် ဘော်လီဘောကွင်းအဖြစ် ဖန်တီးခဲ့ကြပါတယ်။ အဲဒီနောက် ပန်းခြံအတွင်းက ပြည်သူတွေကို သူတို့နဲ့အတူ ပါဝင်ကစားဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။ ဒီလိုစီစဉ်ခဲ့ရတာကတော့ သြစတြေးလျနိုင်ငံရဲ့ ဒုတိယမြို့တော် ကွင်းစ်လန်းက GoldCoastမှာ ကျင်းပမယ့် ၂၀၁၈ဓနသဟာယ အားကစားပြိုင်ပွဲ သဲသောင်ပြင် ဘော်လီဘောပြိုင်ပွဲအတွက် လှုံ့ဆော်ဖို့ ဖြစ်ပါတယ်။ လန်ဒန်အိုလံပစ် ပြိုင်ပွဲအတွက် GoldCoastမှာ ၂၀၁၁ခုနှစ်က သွားရောက် လေ့ကျင့်ခဲ့ဖူးတဲ့ ဘူလ်တန်နဲ့ ဒမ့်နေးတို့က အခြေအနေချင်း ကွာပေမယ့် သြစတြေးလျက နေ့ရက်တွေကို အမှတ်ရမိကြောင်းနဲ့ ကစားပုံ အလွန်ကောင်းတဲ့သူတွေ မြင်တွေ့ခဲ့ရကြောင်း ဆိုခဲ့ကြပါတယ်။ ၂၀၁၈ပြိုင်ပွဲ အိမ်ရှင်သြစတြေးလျဟာ ဓနသဟာယပြိုင်ပွဲတွေကို ၁၉၃၈မှာ ဆစ်ဒနီ၊ ၁၉၆၂မှာ ပါ့သ်၊၁၉၈၂မှာ ဘရစ္စဘိန်းနဲ့၂၀၀၆မှာ မဲလ်ဘုန်းတို့လို မြို့တွေမှာ ကျင်းပခဲ့ဖူးတာကြောင့် ယခုကွင်းစ်လန်းမှာ ကျင်းပမယ့်ပွဲဟာ (၅)ကြိမ်မြောက် အိမ်ရှင်အဖြစ် ကျင်းပမယ့်ပွဲလည်း ဖြစ်ပါတယ်။

No comments:

Post a Comment

back to top