မြန်မာ့ ဆက်သွယ်ရေး မှ မြန်နှုန်းမြင့် အင်တာနက် လိုင်း SEA-ME-WE5 သို့ ပြောင်းလဲ လုပ်ကိုင်မည်
မြန်မာနိုင်ငံအတွင်း မြန်နှုန်းမြင့် အင်တာနက်လိုင်းများ အသုံးပြုနိုင်ရေးအတွက် SEAME-WE5 သို့ ပြောင်းလဲလုပ်ကိုင်နိုင်ရန် ဆောင်ရွက်လျက် ရှိနေကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ရာ လျှောက်ထားသော ကုမ္ပဏီများထဲမှ နှစ်ခုကို ရွေးချယ်ခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းလျှောက်ထားသည့် ပြည်ပ ကုမ္ပဏီများတွင် နာမည်ကြီး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် China Telecom အပါအဝင် ပြည်ပကုမ္ပဏီ အများအပြား လာရောက် လျှောက်ထားကြကြောင်း၊ လက်ရှိ အင်တာနက်မြန်နှုန်းမှာ ပုံမှန်အသုံးပြုလျှင် အဆင်ပြေသော်လည်း အွန်လိုင်းဂိမ်းများ အသုံးပြုခြင်းကြောင့် လိုင်းကျခြင်းနှင့် နှေးကွေးခြင်းများ ဖြစ်ပေါ်နေရ ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လက်ရှိရရှိထားသည့် အင်တာနက်မြန်နှုန်းမှာ 27 GB ဖြစ်ပြီး နောက်ထပ် 20 GB ဝန်ဆောင်မှု ပေးနိုင်မည့် ပြည်ပဆက်သွယ် ရေး ကုမ္ပဏီကို တင်ဒါခေါ်ယူခြင်း ဖြစ်ကြောင်း၊ ရွေးချယ်ခံရသော ကုမ္ပဏီ နှစ်ခုအနေဖြင့် ကုမ္ပဏီ တစ်ခုလျှင် 10 GB စီ ဝန်ဆောင်မှု ထပ်ပေးရမည် ဖြစ်ကြောင်း သိရ သည်။
No comments:
Post a Comment