Monday, August 4, 2014

တတိယအခွေတွက် စီစဉ်နေတဲ့ ဆိုတေး

 လောလောဆယ် ရှေ့က ထွက်ထားတဲ့ “မင်္ဂလာပါ ဆိုတေး ဆိုတဲ့ အခွေ အတွက်တော့ VCD ရိုက်ဖို့ လုပ်နေပြီ။ နောက်တစ်ခွေ အတွက်လည်း ထပ်ပြီး လုပ်နေပါတယ်။ ကျွန်တော် အိမ်မှာ သီချင်းတွေရေး ဖြစ်တယ်။ သီချင်းတွေ စုတယ်။ တော်တော် များများလည်း ပြီးနေပြီ။ နောက် တစ်ခွေ အတွက်ပေါ့နော် သီချင်းပုံစံတွေ ကတော့ အလွမ်းအဆွေး သီချင်းတွေပဲ။ ကျွန်တော်ရေးတတ်တဲ့ ပုံစံလေးပေါ့။ ထူးခြားတဲ့ ပုံစံမျိုးတော့ မပါ ပါဘူး။
 ပရိသတ်ကိုတော့ ဘယ်အချိန်လောက်မှ ပေးနိုင်မလဲ မသိဘူး။ ကျွန်တော် လုပ်နေပါတယ်။ တစ်ဖက်မှာလည်း ဒုတိယအခွေရဲ့ VCD ကိုလည်း စီစဉ်နေ တယ်။ ကျွန်တော့် အခွေတွေကတော့ ကိုယ်တိုင်ရေး၊ ကိုယ်ပိုင် သံစဉ်တွေပဲ၊ သီချင်းတွေကို အရင်လိုပြန်ဆိုမယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပြင် စရာလေး တွေရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်က အချိန် နောက်ကျ တတ်တယ်။ စောစောလာ တတ်အောင် လုပ်ရမယ်။ စကားပြော ရင်လည်း  အရမ်းမြန် တယ်။ အဲဒါလေးတွေကို ကျွန်တော် ပြင်ရမယ်။ ဂီတနဲ့ အဆက်ပြတ်ခဲ့ပေမယ့် ဂီတအတွက် သိပ်ပြီး ထပ်ပြင် စရာတော့ မရှိပါဘူး။ နောက်တစ်ခုက         ကျွန်တော့်စိတ်ထဲမှာ ရှိတာ ကကျွန်တော့် အနုပညာနဲ့ ရှာလို့ရ လာတဲ့ ငွေလေးတွေကို လှူမယ်။ ကျွန်တော့်စိတ်ထဲမှာ ဒါပဲ  ရှိပါတယ်။ ကျွန်တော့်သီချင်း တွေ အများကြီး ဆိုပါဦးမယ် ဟုဆိုတေး က ပြောသည်။  ဆိုတေးသည် ကျန်းမာရေး အခြေအနေ ရာနှုန်းပြည့် ခန့် ပြန်လည်ကောင်းမွန် လာပြီဖြစ်ကြောင်း နှင့် ခြေထောက် ဒဏ်ရာသာအနည်း ငယ်ကျန်တော့ကြောင်း ပြောသည်။ ကျန်းမာရေး အခြေနေကြောင့် ဂီတနှင့် ခေတ္တာ အဆက်ပြတ်နေ ခဲ့ သော်လည်း  ယခုအချိန်တွင် ကျန်းမာရေး ရာနှုန်းပြည့်ခန့် ပြန်လည် ကောင်းမွန် လာခဲ့သောကြောင့် ပရိသတ်များအတွက် တတိယတစ်ကိုယ်တော် အခွေကိုလည်း စီစဉ်နေပြီ ဖြစ်ကြောင်း  အဆိုတော်ဆိုတေး က ပြောသည်။



No comments:

Post a Comment

back to top