Tuesday, August 5, 2014



အင်္ဂါဂြိုလ်ပေါ်တွင် အောက်ဆီဂျင်ရအောင်ပြုလုပ်ဖို့ MIT စမ်းသပ်

ကျွန်ုပ်တို့သည် ဗီဒိုကဲ့သို့အလုံပိတ်အခန်းတွင်း ပိတ်မိနေခြင်းမရှိဘူးဆိုလျှင် ကမ္ဘာပေါ်တွင် ပေါများစွာရရှိနိုင်သည့် Oxygen
အကြောင်း စဉ်းစားမိလိမ့်မည်မဟုတ်ပေ။ သို့သော်အာကာသအင်ဂျင်နီယာများအတွက်မူ အဆိုပါမရှိမဖြစ်လို အပ်သောဓါတ်ငွေ့ အားမည်သို့မည်ပုံ လုံလုံလောက်လောက်ရရှိအောင်ဆောင်ရွက်နိုင်မည်နည်းဆိုသည့်ကိစ္စသည့် ပြောင်းလဲမသွားသော မချင့် မရဲဖြစ်စရာ ပြဿနာတစ်ရပ်ဖြစ်နေသည်။


ပြိုလ်နီကြီးအား အနာဂတ်လေ့လာမှုများအတွက် အကူအညီပေးရန် အသက်ရှင်သန်မှု အထောက်အပံ့အဖြစ်နှင့် အာကာသယာဉ်များအား စွမ်းအင်ဖြည့်တင်းပေးရန် အောက်ဆီဂျင်လုံလုံလောက်လောက်ရရှိရန် လိုအပ်သည်။ အင်္ဂါပြိုလ်လေ ထုပြင်ပတွင် အောက်ဆီဂျင်မည်သို့ရရှိရန် ဆောင်ရွက်မည်ကို လေ့လာလျှက်ရှိသည့် Mars 2020 စီမံကိန်းအတွက် MIT ၏ MOXIE စမ်းသပ်ချက်တွင် NASA အဖွဲ့လည်းပါဝင်သည်ဟု သိရသည်။ 

No comments:

Post a Comment

back to top