Monday, August 4, 2014

အိုဘားမားနှင့် အာဖရိကခေါင်းဆောင်များ ညီလာခံကျင်းပမည်

အာဖရိကတိုက်နှင့် ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးအား ကောင်းလာစေရန် ကြိုးစားမှုတစ် ခုအတွင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အာဖရိ ကခေါင်းဆောင်များနှင့် ညီလာခံ တစ်ရပ် လက်ခံ ကျင်းပသွားမည် ဖြစ်သည်။

ယင်းအာဖရိက ညီလာခံကို သြဂုတ်လ ၅ ရက်နှင့် ၆ ရက်တွင် ၀ါရှင်တန်မြို့၌ ကျင်းပမည်ဖြစ် ကြောင်း အိမ်ဖြူတော်က ကြေ ညာသည်။ ကုန်သွယ်ရေး တိုး တက်စေရန်အပြင် အာဖရိကတွင် ဒီမိုကရေစီစနစ် တိုးတက်ရေးနှင့် လုံခြုံရေးအတွက် အမေရိကန် နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှု များကိုလည်း အိုဘားမားက အ လေးထား ပြောကြားမည်ဖြစ် ကြောင်း အိမ်ဖြူတော်က ပြော သည်။
ယင်းညီလာခံသို့တက်ရောက်မည် မတက်ရောက်မည်ဆိုသည်ကိုအာဖရိက ခေါင်းဆောင်များ ပြန်ကြားခြင်း မရှိသေး ပေ။ အိုဘားမားသည် တာဇန်နီး ယား၊ ဆီနီဂေါနှင့် တောင်အာဖရိ က နိုင်ငံ ခရီးစဉ်များအပါအ၀င် အာဖရိကတိုက်သို့ ပြီးခဲ့သည့်နှစ် က သီတင်းတစ်ပတ်ကြာ သွား ရောက်ခဲ့သည်။
၎င်း၏ ခရီးစဉ်မှာ အာဖရိက ရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများအပြားကို တုံ့ပြန်ခြင်း ဖြစ် သည်ဟု အများက ရှုမြင်ကြ သည်။ အာဖရိကသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ်မှ ဆိုင်းငံ့ခံထားရခြင်း မရှိသည့် နိုင်ငံ (သို့မဟုတ်) အမေ  ရိကန်နိုင်ငံနှင့် လက်ရှိဆက်ဆံ ရေး ကောင်းသော အာဖရိက နိုင်ငံများအားလုံးကို အိုဘားမား က ဖိတ်ခေါ်မည်ဆိုသောကြောင့် အီဂျစ် (သို့မဟုတ်) ဇင်ဘာဘွေ နိုင်ငံကဲ့သို့ နိုင်ငံများ ယင်းညီလာ ခံသို့ တက်ရောက်ခွင့်ရမည် မ ဟုတ်ပေ။
အီဂျစ်နိုင်ငံမှာ လက်ရှိအ ချိန်တွင် အာဖရိကသမဂ္ဂ အဖွဲ့ဝင် အဖြစ်မှ ဆိုင်းငံ့ခံထားရသဖြင့် ယင်းညီလာခံ သို့ တက်ရောက်ခွင့် ရမည်မဟုတ်ပေ။ ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိနှိပ်သည်ဆိုကာ ဇင်ဘာဘွေအစိုးရအပေါ် အမေရိ ကန်နိုင်ငံက တားဆီးပိတ်ဆို့မှုများ ပြုလုပ်ထားဆဲဖြစ်၍ ဇင်ဘာဘွေ နိုင်ငံမှာလည်း ယင်းညီလာခံ သို့ တက်ရောက်နိုင်မည် မဟုတ်ပေ။
နိုင်ငံတကာ ရာဇ၀တ်မှုတ ရားရုံး ICC ၏ တရားစွဲဆိုခြင်း ခံထားရသော သမ္မတ အိုဘ အယ်လ်ဘာရှား၏ ဆူဒန်နိုင်ငံကို လည်း အမေရိကန်က ယင်းညီ လာခံသို့ ဖိတ်ခေါ်မည်မဟုတ် ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top