သီချင်းခွေလုပ်နေတာကြောင့် ကားရိုက်နားထားတဲ့
မော်ဒယ်လ်သရုပ်ဆောင် မေ
Miss ပြိုင်ပွဲများတွင် ဆုရရှိခဲ့ပြီးနောက် မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သည့် မေသည် ယခုအချိန်တွင်သီချင်းခွေထွက်ရှိရန် ကြိုးပမ်းနေသည့်အတွက်ကားရိုက်နားထားကြောင်း ပြောပြခဲ့သည်။ အခုလက်ရှိမှာ မေ အခွေအတွက်ပြင်ဆင်နေပါတယ်။ ဒါကြောင့် ကားရိုက်နားထားတယ်။ သီချင်းခွေက တစ်ကိုယ်တော် အခွေဆိုပေမယ့် ကိုအောင်လနဲ့တော့ တွဲဆိုထားတာပါပါတယ်။ သီချင်းခေါင်စဉ်ကိုတော့မပေးရသေးပါဘူး။
အားလုံးသီချင်း ၁၂ပုဒ် လောက်တော့ပါမယ်။ သီချင်းအမျိုးအစား စုံအောင်တော့ လုပ်ထားပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံး ခံစားနားဆင်နိုင်အောင်လည်း ကြိုးစားထားပါတယ်" အများကြီးပေါ်ပေါက်လာတဲ့ အတွက်လည်း အရမ်းကိုဂုဏ်ယူမိပါတယ်။ အရင်ကမော်ဒယ်လ်တွေ ဆိုရင် အထင်မကြီးတာတွေလည်းရှိတယ်။ အခုဆိုရင် ပြည်သူတွေကလည်း အားပေးလာကြတဲ့ အတွက်များကြီးဝမ်းသာမိပါတယ်။ တကယ်အောင်မြင်လာတဲ့ အလှမယ်တစ်ယောက်အနေနဲ့ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့တော့ အများကြီးလိုပါတယ်။ ပေါ်ပင် သဘောမဟုတ်ဘဲ အ ချိန်ကာလကြာမြင့်စွာ ထိန်းသိမ်းပြီးအောင်မြင်အောင် ကြိုးစားမယ်ဆိုရင် အကောင်းဆုံးဖြစ်မှာပါ" ဟုသရုပ်ဆောင်မေက သူ၏ အယူအဆကို ပြောပြခဲ့သည်။
No comments:
Post a Comment