Monday, September 1, 2014

အာဆီယံ-တရုတ် လှယဉ်ကျေးမယ်ပြိုင်ပွဲက သရဖူဆောင်းတဲ့ အိန္ဒြာသီရိကို

တရုတ်နိုင်ငံ တာ့လျန် မြို့တွင် ကျင်းပခဲ့သော (၁၀) ကြိမ်မြောက် ‘‘အာဆီယံ-တရုတ် လှယဉ်ကျေးမယ်’’ ပြိုင်ပွဲကို မြန် မာနိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့သည့်   အိန္ဒြာသီရိကိုက သရဖူဆု ဆွတ်ခူးခဲ့ကြောင်း သ တင်းရရှိသည်။ ထို့အပြင် အိန္ဒြာသီရိနှင့်အ တူ မြန်မာနိုင်ငံကိုယ်စားပြုဝင် ရောက် ယှဉ်ပြိုင်သော ချောစု လင်းဖြူသန့်သည်လည်း Inter-national Friendship ဆု  ရရှိခဲ့ သည်။
ထို့ကြောင့် ၎င်းတို့ဆုရှင်နှစ် ဦးသည် ယနေ့ သြဂုတ် ၃၁ ရက် တွင် မြန်မာနိုင်ငံသို့ တရုတ်လေ ကြောင်းလိုင်းဖြင့်   ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း Myan-mar Tourism Srevice မှ တာဝန်ရှိသူ မမျိုးသီရိမော်က ပြောသည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တာ့လျန်မြို့သို့ သြဂုတ် ၂၀ ရက် တွင် သွားရောက်ကာ စခန်းသွင်း လေ့ကျင့်မှုများ   ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်     ပြိုင်ပွဲကို သြဂုတ် ၁၉ ရက်တွင် ပြုလုပ်ခဲ့ သည်။ အဆိုပါ ပြိုင်ပွဲကို အာဆီယံ - တရုတ် လှယဉ်ကျေးမယ်ရွေး ချယ်ရေးကော်မတီက   ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး အာဆီယံ ကိုး နိုင်ငံမှ အလှမယ်များနှင့် တရုတ် နိုင်ငံမှ အလှမယ်များ စုစုပေါင်း အလှမယ် ၆၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (၂၇)ကြိမ်မြောက် ဆီးဂိမ်း ပွဲတော် အလံကိုင်များဖြင့်သာ ကျင်းပခဲ့သော   Miss   27 Sea Game Myanmar 2013 ပြိုင်ပွဲတွင် Winner ဆိုသူ အိန္ဒြာ သီရိကိုနှင့် 1st runner up ဆုရှိ ခဲ့သော ချောစုလင်းဖြူသန့်တို့ကို ရွေးချယ်ကာ ယဉ်ကျေးမှုဝန်ကြီး ဌာန ဦးဆောင်မှုဖြင့် ယင်းပြိုင်ပွဲ သို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top