Tuesday, September 2, 2014

Miss Hong Kong 2014 အလှမယ် ရွေးချယ်ပွဲ၌ အသက် ၂၄ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူ သရဖူ ဆွတ်ခူး

ဟောင်ကောင်တွင် သြဂုတ် ၃၁ ရက်က ကျင်းပခဲ့သော Miss Hong Kong 2014 အလှမယ် ရွေးချယ်ပွဲ၌ အသက်  ၂၄  နှစ် အရွယ်ရှိ တက္ကသိုလ် ကျောင်းသူ ဗီရိုနီကာလျူက  အလှမယ်သရဖူကို  ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ စင်ပေါ်တွင် မိုက်ကယ်ဂျက်ဆင် ဖျော်ဖြေသကဲ့သို့ စိတ်ကိုနှစ်၍ ယှဉ်ပြိုင်ခဲ့ကြောင်း ဆီမီးဖိုင်နယ် ပွဲစဉ်အပြီး၌ ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင်  အလှမယ် သရဖူကို  ဆွတ်ခူးခဲ့သော ဗီရိုနီကာလျူ က ပြောကြားခဲ့သည်။မိမိ၏ အသားအရေ လှပမှုအပေါ် ယုံကြည်မှု အပြည့်ရှိကြောင်း၊  ဟောင်ကောင်၌  ထွန်းတောက်လာမည့် အနုပညာရှင်တစ်ဦးဖြစ်လာရန် မိမိအနေဖြင့် ရည်မှန်းချက်ထား၍ ကြိုးစားလျက်ရှိကြောင်းလျူကထပ်လောင်းပြောကြားခဲ့သည်။

No comments:

Post a Comment

back to top