အီဘိုလာရောဂါပိုး ပျံ့ပွားနိုင်ချေ အများဆုံးဖြစ်လာသည့် ကင်ညာနိုင်ငံ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အီဘိုလာရောဂါ ဖြစ်ပွားနိုင်ချေရှိတဲ့ အရှေ့အာဖရိကနိုင်ငံတွေ ထဲမှာ ကင်ညာနိုင်ငံဟာ ထိပ်ဆုံးကနေ ရပ်တည်နေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က
အရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ ကင်ညာနိုင်ငံကို အီဘိုလာရောဂါ ပျံ့ပွားမှု
အများဆုံးဖြစ်နိုင်ချေရှိတဲ့ နိုင်ငံ အဖြစ်သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
ကင်ညာနိုင်ငံဟာ အီဘိုလာရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိတဲ့
အနောက်အာဖရိကနိုင်ငံတွေနဲ့ တိုက်ရိုက်လေကြောင်းပျံသန်းမှုများတဲ့
နိုင်ငံလည်း ဖြစ်ပါတယ်။
ကင်ညာဆေးဝါးအဖွဲ့ တစ်ဖွဲ့ကတော့ အီဘိုလာရောဂါ ကူးစက်မှုလာနိုင်မှုကို
သတိပေးနှိုးဆော် ထားပြီး ရောဂါကာကွယ်ရေး စီမံချက်တွေကို
ထပ်တိုးလုပ်ဆောင်ဖို့ အစိုးရကို တောင်းဆို ထားတယ်လို့လည်း သိရပါတယ်။
အနောက်အာဖရိက နိုင်ငံတွေမှာ အီဘိုလာရော ဂါကြောင့် သေဆုံး သူအရေအတွက်ဟာ
(၁၀၆၉)ယောက်ရှိပြီ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြု သတင်း ထုတ်
ပြန်ထားပါတယ်။
No comments:
Post a Comment