Miss Golden Land Myanmar 2014 အလှမယ် ရွေးချယ်ပွဲကြီး အတွက် လက်မှတ်များ ဝယ်ယူနိုင်ပြီ
နိုင်ငံတကာ အလှမယ် ပြိုင်ပွဲကြီး ငါးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် Miss Myanmar ငါးဦး ရွေးချယ်မည် Miss Golden Land Myanmar 2014 အလှမယ် ရွေးချယ်ပွဲကြီးကို သြဂုတ် ၂၁ ရက်တွင် Myanmar Convention Centre (MCC) ၌ ခမ်းနား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ရာ အဆိုပါ ပြိုင်ပွဲကြီး အတွက် လက်မှတ်များ စတင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း Miss Golden Land Myanmar Organization မှ သိရသည်။
နိုင်ငံတကာ အလှမယ် ပြိုင်ပွဲကြီး ငါးပွဲဖြစ်သော Miss Earth, Miss Supranational, Miss Grand International, Miss Intercontinental နှင့် Face of Beauty International တို့အတွက် နိုင်ငံ ကိုယ်စားပြု အလှမယ်များကို အဆိုပါ ပြိုင်ပွဲဝင် ၂၅ ဦးထဲမှ ရွေးချယ်သွားမည် ဖြစ်သည်။ ထို့အပြင် Title Award များဖြစ်သော Media's Choice, Miss Golden Land Sport Champion, Best in Talent, Miss Golden Land Top Model ESifh Myanmar's Choice စသည့် ဆုများအပြင် အခြား Title ဆုများစွာကိုလည်း ပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကြီးအတွက် လက်မှတ် ဈေးနှုန်းများမှာ ငွေကျပ် ၅ဝဝဝဝ၊ ငွေကျပ် ၁၅ဝဝဝ၊ ငွေကျပ် ၁ဝဝဝဝ နှင့် ငွေကျပ် ၇ဝဝဝ ဟူ၍ အသီးသီး သတ်မှတ်ထားပြီး လက်မှတ်များကို Miss Golden Land Myanmar Organization ရုံးခန်းနှင့် Taw Win Center တို့၌ ဝယ်ယူ ရရှိနိုင်ကာ ဖုန်း- ဝ၉-၄၃၁၁ဝ၅-၇၂၊ ဝ၉-၃၁၂၅၂ဝဝ၁ နှင့် ဝ၉-၄ဝ၁၅၈၃၆၇၆ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
No comments:
Post a Comment