Monday, August 18, 2014

အင်အားပြင်း မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံ


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ သောကြာနေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် လူ ၁၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈၂ ဦးရှိတယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်မှာ သောကြာနေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းမုန်တိုင်းတွေ တိုက်ခတ် ခဲ့ရာ ကလေးငယ် ၉ ဦးအပါအ၀င် လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အယောက် (၈၀)ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး “ဇာဟဲအူအစ်္စလာမ်” က ပြောကြားထားပါတယ်။ မုန်တိုင်းကြောင့် ပီရှာဝါမြို့အတွင်း အိမ်ခေါင်မိုး တွေနဲ့ နံရံတွေ ပျက်စီးခဲ့ပြီး အချို့ကတော့ အဲဒီအဆောက်အဦတွေထဲမှာ ပိတ်မိပြီး သေဆုံးခဲ့ရတယ် လို့ သိရပါတယ်။

သေဆုံးသူတွေကတော့ ကလေး ၉ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၄ ဦးတို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောကြားထားပါတယ်။ ဒဏ်ရာရရှိသူ ၈၂ ဦးအနက် ကလေး၂၅ ဦးပါဝင်ပြီး အများစုဟာ ဦးခေါင်းဒဏ်ရာရရှိကြတယ်လို့ သူက ပြောပါတယ်။ ပါစ္စတန်နိုင်ငံဟာ လူဦးရေ သန်း (၁၈၀)ကျော် ရှိတဲ့ တောင်အာရှနိုင်ငံတစ်ခုဖြစ်ပြီး တာဝန်ရှိသူတွေ အနေနဲ့ သဘာဝအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်မီ အောင် ကြိုးစားဆောင်ရွက်နေတုန်းပဲလို့ သိရပါတယ်။   

No comments:

Post a Comment

back to top