သားကအနုပညာ အလုပ်လုပ်ပြီးဆိုတော့ ကိုယ်ကရာထူးတိုးပြီး လို့ပြောလာတဲ့ မေသန်းနု
မသန်းနုက မင်းသန့်မောင်မောင်ရဲ့ ကြော်ငြာ စတင်ရိုက်ကူးမှုကို အမေ
တစ်ယောက် အနေနဲ့ ရိုက်ကွင်းကို လိုက်ပါပြီး စီစဉ်ပေးဖြစ်နေ ပါတယ်။ “သား
ကကြော်ငြာ ရိုက်ပြီဆိုတော့ မေမေ လိုက်ရမယ် ဆိုတာနဲ့ သူ လိုအပ်တာတွေ
ပံ့ပိုးပေးရအောင် လိုက်ဖြစ်တာ။ သားက အား ငယ်တတ် တော့ အနားရှိတော့ သူအား
ရှိတာပေါ့။ သူ့ကို ထွေထွေ ထူးထူးကြီး အိုက်တင်သင် ပေးရတာတော့ မရှိပါဘူး။
အခုခေတ် ကလေးတွေကို သူတို့စတိုင်နဲ့ သူတို့အိုက်တင် နဲ့လေ။ မဆင့်တို့က
အန်း တိတ်ဖြစ်နေပြီ။ ငယ်လည်း ငယ်သေးတယ်၊ အတွေ့အကြုံက လည်းနည်းသေးတော့
လိုအပ်တာတွေ အများကြီး ရှိသေးတယ်။ အဲဒီတော့ သူ့ကို ခွင့်လွှတ်
နားလည်ပေးစေချင် တယ်။ အခုတော့ ကြော်ငြာကို စပြီး လုပ်ဖြစ်တာပါ။ ဇာတ်ကား
ကတော့ မရိုက်သေးဘူး။ ကြော်ငြာ အတွက် လိုအပ်တာတွေ ကို ဒါရိုက်တာ ပြောတဲ့
အတိုင်း လုပ်ပေးထားတယ်။ ကိုယ်တွေ အလှည့်တုန်းက အဝတ်အစားက အစ အကုန်
စီစဉ်ရတာ။
အခု သားကိုလည်း လိုက် လုပ်ပေးရတာပေါ့။ သားက အနုပညာ အလုပ်လုပ်ပြီ ဆိုတော့
ကိုယ်က ရာထူး တိုးပြီပေါ့။ သားကလည်း ကြိုးစားတော့ ကြော်ငြာအနေ နဲ့တော့
မဆိုးပါဘူး” လို့ သားဖြစ်သူနဲ့ ပတ်သက်လို့ မေသန်းနုက ပြောပြပါတယ်။
အနုပညာသမား တစ်ယောက် အနေနဲ့ သားအတွက် ဆုံးမဖြစ်တာ ကိုလည်း မေသန်းနုက
“မဆင့်ကတော့ အမေ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ အနုပညာ သမား တစ်ယောက် အနေနဲ့
ပြောပြတယ်။ အနုပညာ သမား တစ်ယောက်က ကြိုးစားတိုင်း လည်း မအောင်မြင်ဘူး။
လူတစ်ယောက် ရဲ့စိတ်က အားငယ် သွားမယ်လေ။ အနုပညာ သမား အချင်းချင်းတောင်
အောင်မြင်တဲ့ အနုပညာ သမားနဲ့ မအောင်မြင်တဲ့သူ နဲ့နေရာပေးတာ ချင်းလည်း
မတူဘူး။ ကိုယ်ကဒီ လောက မှာဖြတ်သန်း လာတာ ကောင်းကောင်း သိတယ်။ ခံစား
ရတာမျိုး မဖြစ် စေချင်ဘူး။ လုပ်မယ် ဆိုရင် အဆုံးထိ အကောင်းဆုံး
လုပ်လို့ပြော ထားတယ်” လို့ ပြောပြခဲ့ပါ တယ်။
No comments:
Post a Comment